ကလေးမြို့တွင် ကိုဗစ်အတည်ပြုတစ်ဦးနှင့် သံသယလူနာ ၂၃ ဦး သေဆုံး

ကလေးမြို့တွင် ကိုဗစ်အတည်ပြုတစ်ဦးနှင့် သံသယလူနာ ၂၃ ဦး သေဆုံး

ကလေးမြို့တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးနှင့် သံသယလူနာ (၂၃) ဦး စုစုပေါင်း (၂၄) ယမန်နေ့ (ဇူလိုင် ၁၁) ကသေဆုံးကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

"ဒီနေ့က (၂၄) ဦး သေဆုံးတယ်။ အားလုံးက ရောဂါအခံရှိတဲ့ အသက်ကြီးပိုင်းတွေဖြစ်ကြတယ်။ Positive ကတော့ တစ်ဦးပဲရှိတယ်။ ဒီကနေ့ သေဆုံးတဲ့သူများကို သံသယလူနာလို သဂြိုလ်ပေးရတာရှိတယ်" ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် သေဆုံးသည့်သူ (၂၄) ဦးမှာ အိတ်စွတ် ကွာရန်တင်းစင်တာမှ Positive လူနာတစ်ဦးနှင့် နေအိမ်ကွာရန်တင်းများမှဖြစ်သည်ဟု သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် အောက်ဆီဂျင်ပြတ်လပ်မှုများလည်း ဆက်လက်ရင်ဆင်နေရဆဲဖြစ်သည်ဟု သိရသည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...