ဂွမြို့နယ် ဒေါင်းချောင်းရွာက ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီး

ဂွမြို့နယ် ဒေါင်းချောင်းရွာက ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာနေ ပြည်သူနှစ်ဦးကို ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီလောက်က စစ်ကောင်စီတပ် အင်အား ၂၀ ကျော်က လက်နက်အင်အားတွေနဲ့ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒေါင်းချောင်းကျေးရွာမှာ ဇွန်လ ၂၁ ရက်နေ့ည ၈ နာရီကျော်လောက်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုနဲ့ပတ်သက်ပြီး မတရားစွပ်စွဲဖမ်းဆီးသွားတာလို့ ဂွမြို့ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမျိုးသားနှစ်ဦးဟာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ကိုကျော်ကျော်အောင်နဲ့ အသက် ၆၃ နှစ်အရွယ် ဦးအောင်သန်းမြင့်တို့ဖြစ်ကြပြီး ဒေါင်းချောင်းကျေးရွာက ကိုကျော်ကျော်အောင်ရဲ့နေအိမ်မှာ ညအချိန် ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

"ကိုအောင်ကျော်ကျော်ကိုဝင်ဖမ်းတာ၊ အဖိုးကြီးက အဲ့ဒီအိမ်ကို ခဏရောက်နေတဲ့အချိန်ဖြစ်တော့ နှစ်ယောက်လုံးကိုဖမ်းသွားတာ၊ ကောင်လေးကိုက ရိုက်နှက်ပြီး ဒရွတ်တိုက်ဆွဲခေါ်သွားကြတယ်၊ ခမရ ၅၆၂ တပ်ရင်းကကောင်တွေ လာဖမ်းသွားတာ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း အခုထိမသိရသေးဘူး" လို့ ဂွမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူနှစ်ဦးကို စစ်အုပ်စုက ခမရ ၅၆၂ စစ်တပ်ဝန်းထဲမှာ စစ်ဆေးမှုတွေပြုလုပ်နေကြတယ်လို့ ဂွမြို့ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပြီး မိသားစုတွေနဲ့တော့ တွေ့ခွင့်မရသေးပါဘူး။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...