လမ်းမတော် (EPC) ရုံး ဗုံးပေါက်

လမ်းမတော် (EPC) ရုံး ဗုံးပေါက်

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ကမ်းနားလမ်းက လျှပ်စစ်မီတာ (EPC) ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၉ ရက် မနက် ၅ နာရီအချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ လမ်းမတော်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“ကမ်းနားလမ်း (EPC) ရုံးဗုံးပေါက်တာ အသံတော့ တော်တော်ကျယ်တယ်။ ရုံးခေါင်မိုးတွေ လန်ထွက်ကုန်တာတော့ တွေ့တယ်။ အခု ၈ နာရီဝန်းကျင်မှာ လိုင်းကားတွေတားပြီး စစ်နေတယ်” လို့ သူကပြောပါတယ်။

ပေါက်ကွဲမှုက မနက်ပိုင်းမှာဖြစ်တာကြောင့် ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

အခုရက်ပိုင်း ရန်ကုန်မြို့အတွင်း စစ်ကောင်စီက လျှပ်စစ်မီတာခများ အတင်းအကြပ် လိုက်လံကောက်ခံနေပြီး မီတာခမပေးဆောင်တဲ့အိမ်တွေကို မီးကြိုးဖြတ်ချသည်အထိ လုပ်ဆောင်နေပါတယ်။

အဲ့ဒီလိုလုပ်ဆောင်မှုတွေ ရှိလာချိန်မှာပဲ ရန်ကုန်မြို့က (EPC) ရုံးတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်လာတာပါ။

ဇူလိုင်လ ၇ ရက်နေ့ကလဲ တာမွေ လျှပ်စစ်မီတာ (EPC) ရုံးမှာ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွါးခဲ့ပါတယ်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...