ဒေါ်သက်သက်ခိုင်၏ ရွှေနန်းတော်ရွှေဆိုင်တွင် ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်သားများ လမ်းပိတ်စစ်ဆေးနေ

ဒေါ်သက်သက်ခိုင်၏ ရွှေနန်းတော်ရွှေဆိုင်တွင် ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်သားများ လမ်းပိတ်စစ်ဆေးနေ

ရန်ကုန်မြို့၊ လမ်းမတော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့် ရွှေနန်းတော် စိန်ရွှေရတနာအရောင်းဆိုင်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ကာ လူထိခိုက်မှုရှိကြောင်း သိရသည်။

ဒီကနေ့ ဇူလိုင်လ ၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲပြီး ဆိုင်အတွင်းရှိ အရောင်းဝန်ထမ်းအမျိုးသမီး ထိခိုက်ဒဏ်ရာရသည်ဟု အနီးအနားက နေထိုင်သူတစ်ဦးက ပြောသည်။

“စိန်ရွှေရတနာဆိုင် (သက်သက်ခိုင်) ဆိုင် ဗုံးပေါက်သွားတာ ဟုတ်ပါတယ်၊ လက်ပစ်ဗုံးပစ်ထည့်သွားတာလို့ သိရပါတယ်၊ မှန်တွေလဲ လမ်းပေါ်မွစာကျဲကုန်တယ်၊ ရွှေနန်းတော်ဆိုင်နားမှာ ခု ရဲခွေး၊ စစ်ခွေးတွေ ရောက်လာပြီ၊ လူတစ်ယောက် ထိတယ်လို့တော့ကြားတယ်၊ ဝန်ထမ်းဖြစ်မယ်ထင်တယ်၊ ကောင်မလေးတစ်ယောက်ပဲ၊ ခု ဟိုဘက်ထိပ် ဒီဘက်ထိပ် လမ်းပိတ်ပြီး စစ်ဆေးနေကြတယ်” လို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်ပိုင်ဆိုင်သော အဆိုပါ စိန်ရွှေရတနာအရောင်းဆိုင်ကို လက်ရှိအချိန်တွင် ပိတ်ထားလိုက်ပြီး စစ်ဆေးမှုတွေပြုလုပ်နေကြောင်း သိရသည်။

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...