ပင်လည်ဘူးမြို့နယ်ရှိ ကမ်းလက်ပရဟိတအဖွဲ့ တည်ထောင်သူတစ်ဦးသည် Covid-19 ရောဂါဖြင့် ပထမဆုံးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
၎င်းက ရောဂါကူးစက်ပြီးနောက် ရွှေဘိုမြို့သို့ ပြောင်းရွေ့ကုသမှုခံယူရင်း ယမန်နေ့ နေ့လည် (၁) နာရီခန့်က ရွှေဘိုမြို့တွင် သေဆုံးခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။
“သူက အောက်စီဂျင်တွေလိုတော့ သူ့မိဘတွေရှိတဲ့ ရွှေဘိုကိုသွားတာ။ ဒီက ပရဟိတကားနဲ့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်က လိုက်ပို့လိုက်တာ။ သူနာစေးချောင်းဆိုးဖြစ်တာက ဇွန်လ ၂၉ ရက်နေ့ကတည်းက“ ဟု ၎င်းကပြောဆိုသည်။
၎င်းသည် ပင်လည်ဘူးမြို့နယ်တွင်းရှိ Covid-19 ကာလအတွင်း စားသောက်ရေးအခက်အခဲရှိသူများ ကူညီမှုများနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အလှူဒါနအတန်းပြုလုပ်ရန် ဖွဲ့ထားသည့် ကမ်းလက်ပရဟိတအဖွဲ့ တည်ထောင်သူလည်းဖြစ်သည်။
ပင်လည်ဘူးမြို့နယ်တွင် ဇူလိုင်လ ပထမအပတ်အတွင်း Covid-19 ကူးစက်သူ ၅၆ ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။







