ပင်လည်ဘူးမြို့နယ်တွင် Covid-19 ဖြင့် ပထမဆုံး သေဆုံးသူရှိလာ

ပင်လည်ဘူးမြို့နယ်တွင် Covid-19 ဖြင့် ပထမဆုံး သေဆုံးသူရှိလာ

ပင်လည်ဘူးမြို့နယ်ရှိ ကမ်းလက်ပရဟိတအဖွဲ့ တည်ထောင်သူတစ်ဦးသည် Covid-19 ရောဂါဖြင့် ပထမဆုံးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

၎င်းက ရောဂါကူးစက်ပြီးနောက် ရွှေဘိုမြို့သို့ ပြောင်းရွေ့ကုသမှုခံယူရင်း ယမန်နေ့ နေ့လည် (၁) နာရီခန့်က ရွှေဘိုမြို့တွင် သေဆုံးခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

“သူက အောက်စီဂျင်တွေလိုတော့ သူ့မိဘတွေရှိတဲ့ ရွှေဘိုကိုသွားတာ။ ဒီက ပရဟိတကားနဲ့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်က လိုက်ပို့လိုက်တာ။ သူနာစေးချောင်းဆိုးဖြစ်တာက ဇွန်လ ၂၉ ရက်နေ့ကတည်းက“ ဟု ၎င်းကပြောဆိုသည်။

၎င်းသည် ပင်လည်ဘူးမြို့နယ်တွင်းရှိ Covid-19 ကာလအတွင်း စားသောက်ရေးအခက်အခဲရှိသူများ ကူညီမှုများနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အလှူဒါနအတန်းပြုလုပ်ရန် ဖွဲ့ထားသည့် ကမ်းလက်ပရဟိတအဖွဲ့ တည်ထောင်သူလည်းဖြစ်သည်။

ပင်လည်ဘူးမြို့နယ်တွင် ဇူလိုင်လ ပထမအပတ်အတွင်း Covid-19 ကူးစက်သူ ၅၆ ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

 
 

 

 

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...