ထန်တလန်မြို့ပေါ်တွင် ဒလန်ဟုနာမည်ကြီးသူ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်ဟိန်းဝေဇင်လတ်ကို CDF အဖွဲ့မှ ပစ်သတ်ခဲ့ကြောင်းထုတ်ပြန်

ထန်တလန်မြို့ပေါ်တွင် ဒလန်ဟုနာမည်ကြီးသူ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်ဟိန်းဝေဇင်လတ်ကို CDF အဖွဲ့မှ ပစ်သတ်ခဲ့ကြောင်းထုတ်ပြန်

ယနေ့ ဇွန်လိုင်လ ၅ ရက်နေ့ ထန်တလန်မြို့ပေါ်တွင် နေ့လယ် ၃ နာရီကျော်ခန့်တွင် နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒု-ရဲအုပ် ဟိန်းဝေဇင်လတ်ဆိုသူ ရဲအရာရှိတစ်ဦးကို CDF အဖွဲ့မှ ပစ်သတ်ခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၅ ရက် ညတွင် သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်၌ 'ထန်တလန်မြို့တွင် စစ်တပ်ကို အမြဲတမ်းသတင်းပေးသူ၊ CDM များ ခြိမ်းခြောက်နေသူ၊ အများပြည်သူစားနပ်ရိက္ခာသယ်ယူမှုနဲ့ ခရီးသွားပြည်သူများအား ရစ်စားနေသူ ထန်တလန်မြို့နယ်ရဲစခန်း ဒု-ရဲအုပ် ဘိုလေးခေါ် ဟိန်းဝေဇင်လတ်ကို ၂၀၂၁ ခုနှစ် ဇူလိုင် (၅) ရက်နေ့ ထန်တလန်မြို့တွင် CDF-Thantlang မှ ပစ်သတ်လိုက်ကြောင်း၊ မြို့တွင်းရှိ CDM ခြိမ်းခြောက်သူ၊ စစ်ကောင်စီ သတင်းပေးဒလန်များ ဆက်လက်စောင့်ကြည့်နေ၍ အချိန်မှီ ပြည်သူနဲ့အတူ ဝင်ရောက်ပူးပေါင်းပေးကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်း' Chinland Defense Force  ၏ ဖေ့ဘုတ်တွင်ဖော်ပြထားသည်။

"သူက သုံးနာရီကျော်လောက် အပစ်ခံရတယ်၊ ကျည်လေးငါးချက်တော့ ထိတယ်လို့သိရတယ်၊ သူက နယ်ထိန်းခေါင်းဆောင်ဖြစ်တယ်၊ ဒလန်လို့လည်း နာမည်ကြီးတယ်" ဟု Chin World Media သို့ ဒေသခံတစ်ဦးမှ ပြောသည်။

ဖြစ်စဥ်မှာ နေ့လယ် ၃ နာရီကျော်ခန့်တွင် ဒလန်ဟုနာမည်ကြီးသူ ထန်တလန်မြို့နယ် နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ် ဟိန်းဝေဇင်လတ်သည်ထန်တလန်မြို့ အမှတ် ၃ ရပ်ကွက် Lung Tial ရပ်ကွက်တွင် ဆိုင်ကယ်မောင်းနှင်လာစဥ် သေနတ်တို ၂၁ ကျည်အမျိုးအစားဖြင့် လေးချက်အပစ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 
 

 

 

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...