နယ်စပ်မှတဆင့် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်၍ ဖမ်းဆီးခံရသူမြန်မာနိုင်ငံသား ၂၀၀ ကျော်ရှိ

နယ်စပ်မှတဆင့် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်၍ ဖမ်းဆီးခံရသူမြန်မာနိုင်ငံသား ၂၀၀ ကျော်ရှိ

Covid-19 ဂယက်ကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ဖြတ်ကျော်သွားလာမှုအား ကန့်သတ်ထားသော်လည်း ဇွန်လတစ်လအတွင်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်လာခြင်းကြောင့် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၂၀၀ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းတွင် အလုပ်အကိုင်ရှားပါးလာခြင်းနှင့် လုပ်ခလစာနည်းပါးခြင်းကြောင့် အိမ်ပေါင်၊ ခြံပေါင်၍ အရင်းအနှီးပြုကာ ၂၀၂၀ ခုနှစ်ကတည်း ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ ထွက်ခွာရန် ပြင်ဆင်ပြီးခါမှ မထွက်ခွာခဲ့ရသည့် MoU လုပ်သားများမှာလည်း ရသည့်လမ်းဖြင့် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာခြင်းကြောင့် ဖမ်းဆီးခံရမှု ပိုမိုရှိလာခြင်းဖြစ်သည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောသည်။

မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက “ကိုဗစ်တတိယလှိုင်း အသွားအလာကန့်သတ်၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုမရှိစေရေး တင်ကြပ်ထားတဲ့ ဒီဇွန်လအတွင်းမှာ မြန်မာနိုင်ငံဘက်က ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဝင်ရောက်လာတာ ၂၀၀ ကျော်ရှိပါတယ်။ ဝင်လာသမျှလည်း ဖမ်းဆီးခံရတယ်။ ယခုလို ကိုဗစ်ဂယက်ကြောင့် အလုပ်ရုံ၊ စက်ရုံ၊ ဆောက်လုပ်ရေး၊ လယ်ယာလုပ်ငန်းခွင်တွေ ဈေးကြီးနဲ့ ဒေသအလိုက် ကန့်သတ်ပိတ်ပင်ထားချိန်မှာ ထိုင်းနိုင်ငံကို ဘယ်အတွက်ကြောင့် ဝင်လာကြတာလဲ မေးခွန်းထုတ်စရာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌန၏ ထုတ်ပြန်ချအရ နယ်စပ်မြို့ မဲဆောက်တွင် မြန်မာလုပ်သား ၅၀၀ ကျော်၊ ထိုင်းတောင်ဘက်တွင် မြန်မာလုပ်သား ၄၀၀ ကျော် ကိုဗစ်ပိုးတွေ့ရှိထားသည်။

စက်ရုံအလုပ်ရုံများ၊ လယ်ယာလုပ်ငန်းများ ရပ်ဆိုင်းထား၍ နေထိုင်သွားလာရပ်တည်ရေး ကြပ်တည်းနေသည့်ကာလဖြစ်သည့်အတွက် မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ ဝင်မလာကြရန် ထိုင်းရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူများက တိုက်တွန်းထားသည်။

၎င်းအပြင် ကာလတစ်ခုအကြာ ထိုင်းနိုင်ငံမှ နေရပ်ပြန်သူများအား ကြိုဆိုရေးဆောင်ရွက်ခဲ့သည့် ထိုင်း-မြန်မာ မြဝတီအမှတ် - ၂ တံတား BCF ဇုန်တွင်လည်း ဇွန်လ ၁ ရက်နေ့ကတည်းက နေရပ်ပြန်လက်ခံရေး ပိတ်ထားသည့်အတွက် ထိုင်းနိုင်ငံအတွင်းပိုင်းမှ မြန်မာလုပ်သားများအနေဖြင့် နယ်စပ်လမ်းကြောင်းပြန်ဖွင့်ရန် တရားဝင် သတင်းမထုတ်ပြန်မခြင်း ပြန်မလာကြရန်ကိုလည်း ထိုင်းရောက် မြန်မာလုပ်သားအရေးဆောင်ရွက်သူများက တိုက်တွန်းထားသည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...