ကလေးမြို့ ခရစ်ယာန်သချိုင်းတွင် တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာနှင့် သံသယလူနာ (၂၇၀) ဦး သဂြိုလ်ခဲ့ရ

ကလေးမြို့ ခရစ်ယာန်သချိုင်းတွင် တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာနှင့် သံသယလူနာ (၂၇၀) ဦး သဂြိုလ်ခဲ့ရ

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေသည့် ကလေးမြို့တွင် တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာနှင့် သံသယလူနာ (၂၇၀) ဦးကို ခရစ်ယာန်သချိူင်းတွင် သဂြိုလ်ခဲ့ရသည်ဟု ကလေးမြ်ို့ ခရစ်ယာန်သချိူင်းကော်မတီအဖွဲ့ထံမှ သိရသည်။

"ကိုဗစ်ဖြစ်တာများတယ် ဒီလတော့ အရင်လထက်တော့များတယ် ကျနော်တို့ အားလုံးက ကိုဗစ်လို့တော့ပြောလို့မရတာက အုတ်ဂူလာဝယ်တဲ့သူတွေက တချို့ကလည်းသတင်းအတိအကျမပြောဘူး ကိုဗစ်ဖြစ်မဖြစ်မပြောတာလည်းများတယ် တချို့ကတော့ ပြောစရာမလိုဘူး သိရတာပဲ သေဆုံးသူများတော့ အုတ်ဂူလည်း ဒီနေ့လုပ်ဒီနေ့သုံးဖြစ်ရတယ် အခုက အုတ်ဂူဈေးလည်းအနည်းငယ်တက်တယ်" ဟု ကလေးမြို့ ခရစ်ယာန်သချိုင်းကော်မတီမှ ဦးဆန်ထောင်းထန်ကပြောသည်။

ကလေးမြို့ခရစ်ယာန်သချိုင်းတွင် ပြီးခဲ့သည့်ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေအထိ တစ်လအတွင်း အမျိုးသား (၁၆၈) ဦး ၊ အမျိုးသမီး (၁၀) ဦး စုစုပေါင်း (၂၇၀) ဦးသဂြိုလ်ခဲ့ကြပြီး ယင်းအနက် သိက္ခာတော်ရဆရာတော် (၁၉) ဦး ၊ ကက်သလစ်ဘုန်းတော်ကြီး Father (၃) ဦးနှင့် အသက် ၄၀ အောက် (၂၈) ဦးရှိသည်ဟု သိရသည်။

ကလေးမြို့ပေါ်တွင် ဘာသာအလိုက် သချိူင်းကိုယ်စီရှိကြပြီး ယခုသေဆုံးမှုစာရင်းမှာ မြို့ပေါ်ရှိ ခရစ်ယာန်ဘာသာဝင်များ၏ စာရင်းသာဖြစ်ပြီး တခြားဘာသာဝင်များ သေဆုံးမှုစာရင်းနှင့် ကျေးရွာများဘက်မှ သေဆုံးမှုစာရင်းများ ထည့်တွက်မည်ဆိုပါက တစ်လအတွင်း သေဆုံးမှုစာရင်းသည် အယောက် ၄၀၀ ကျော်ခန့်ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။

ကလေးမြို့ ခရစ်ယာန်သချိူင်းကော်မတီ၏စာရင်းအရ ကလေးမြို့တွင် ကိုဗစ်-၁၉ တတိယလိုင်းမဖြစ်မီကာလတုန်းက တစ်လလျှင် အယောက် ၆၀ မှ ၈၀ ကြား ပျမ်းမျှအားဖြင့်သေဆုံးလေ့ရှိသည်ဟု သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကလေးမြို့တွင် ပိုးကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်တက်လာသည့်အတွက် အုတ်ဂူစျေးနှုန်းမှာလည်း တစ်ခုကို ကျပ်ငွေတစ်သိန်းမှ တစ်သိန်းတစ်သောင်းအထိ စျေးတက်သွားသည်ဟု သိရသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...