ကလေးမြို့ ခရစ်ယာန်သချိုင်းတွင် တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာနှင့် သံသယလူနာ (၂၇၀) ဦး သဂြိုလ်ခဲ့ရ

ကလေးမြို့ ခရစ်ယာန်သချိုင်းတွင် တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာနှင့် သံသယလူနာ (၂၇၀) ဦး သဂြိုလ်ခဲ့ရ

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေသည့် ကလေးမြို့တွင် တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာနှင့် သံသယလူနာ (၂၇၀) ဦးကို ခရစ်ယာန်သချိူင်းတွင် သဂြိုလ်ခဲ့ရသည်ဟု ကလေးမြ်ို့ ခရစ်ယာန်သချိူင်းကော်မတီအဖွဲ့ထံမှ သိရသည်။

"ကိုဗစ်ဖြစ်တာများတယ် ဒီလတော့ အရင်လထက်တော့များတယ် ကျနော်တို့ အားလုံးက ကိုဗစ်လို့တော့ပြောလို့မရတာက အုတ်ဂူလာဝယ်တဲ့သူတွေက တချို့ကလည်းသတင်းအတိအကျမပြောဘူး ကိုဗစ်ဖြစ်မဖြစ်မပြောတာလည်းများတယ် တချို့ကတော့ ပြောစရာမလိုဘူး သိရတာပဲ သေဆုံးသူများတော့ အုတ်ဂူလည်း ဒီနေ့လုပ်ဒီနေ့သုံးဖြစ်ရတယ် အခုက အုတ်ဂူဈေးလည်းအနည်းငယ်တက်တယ်" ဟု ကလေးမြို့ ခရစ်ယာန်သချိုင်းကော်မတီမှ ဦးဆန်ထောင်းထန်ကပြောသည်။

ကလေးမြို့ခရစ်ယာန်သချိုင်းတွင် ပြီးခဲ့သည့်ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေအထိ တစ်လအတွင်း အမျိုးသား (၁၆၈) ဦး ၊ အမျိုးသမီး (၁၀) ဦး စုစုပေါင်း (၂၇၀) ဦးသဂြိုလ်ခဲ့ကြပြီး ယင်းအနက် သိက္ခာတော်ရဆရာတော် (၁၉) ဦး ၊ ကက်သလစ်ဘုန်းတော်ကြီး Father (၃) ဦးနှင့် အသက် ၄၀ အောက် (၂၈) ဦးရှိသည်ဟု သိရသည်။

ကလေးမြို့ပေါ်တွင် ဘာသာအလိုက် သချိူင်းကိုယ်စီရှိကြပြီး ယခုသေဆုံးမှုစာရင်းမှာ မြို့ပေါ်ရှိ ခရစ်ယာန်ဘာသာဝင်များ၏ စာရင်းသာဖြစ်ပြီး တခြားဘာသာဝင်များ သေဆုံးမှုစာရင်းနှင့် ကျေးရွာများဘက်မှ သေဆုံးမှုစာရင်းများ ထည့်တွက်မည်ဆိုပါက တစ်လအတွင်း သေဆုံးမှုစာရင်းသည် အယောက် ၄၀၀ ကျော်ခန့်ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။

ကလေးမြို့ ခရစ်ယာန်သချိူင်းကော်မတီ၏စာရင်းအရ ကလေးမြို့တွင် ကိုဗစ်-၁၉ တတိယလိုင်းမဖြစ်မီကာလတုန်းက တစ်လလျှင် အယောက် ၆၀ မှ ၈၀ ကြား ပျမ်းမျှအားဖြင့်သေဆုံးလေ့ရှိသည်ဟု သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကလေးမြို့တွင် ပိုးကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်တက်လာသည့်အတွက် အုတ်ဂူစျေးနှုန်းမှာလည်း တစ်ခုကို ကျပ်ငွေတစ်သိန်းမှ တစ်သိန်းတစ်သောင်းအထိ စျေးတက်သွားသည်ဟု သိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...