ကြာအင်းဆိပ်ကြီးမြို့ Mytel ဆက်သွယ်ရေးရုံးမှ ဝန်ထမ်း ၉ ဦး COVID-19 ပိုးတွေ့

ကြာအင်းဆိပ်ကြီးမြို့ Mytel ဆက်သွယ်ရေးရုံးမှ ဝန်ထမ်း ၉ ဦး COVID-19 ပိုးတွေ့

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ရပ်ကွက် (၂) ရွှေဝါလမ်းရပ်ရှိ စစ်တပ်ပိုင် Mytel မိုင်တဲလ် ဆက်သွယ်ရေးရုံးမှ ဝန်ထမ်း ၁၂ ဦး ယနေ့ (ဇွန် ၃ဝ ရက်) တွင် ကိုဗစ်ပိုးစစ်ကိရိယာဖြင့် စစ်ဆေးရာတွင် ၉ ဦးမှာ ပိုးတွေ့ရှိသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

Covid-19 ပိုးတွေ့ရှိသည့် မိုင်တဲလ်ဝန်ထမ်း အမျိုးသား ၉ ဦးကို ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့ဆေးရုံ သီးခြားအဆောင်တွင် ဆေးကုသမှု ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ထိတွေ့ထားသူများကိုလည်း နေအိမ်နှင့် သွားလာမှုကန့်သတ်ထားကြောင်း မြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“ဝန်ထမ်းထဲက ၁၂ ယောက်ပိုးစစ်တာ ၉ ယောက်က ပိုးတွေ့တယ်ပေါ့နော်။ ထိတွေ့ဆက်စပ်တဲ့ လူတွေကိုလည်း ရောဂါစစ်ဆေးမှု လုပ်ဆောင်နေပါတယ်။ မြို့ဆေးရုံက သီးခြားအဆောင်မှာ ဆေးကုသမှုခံယူဖို့ ပြင်ဆင်နေကြပါပြီ။ တစ်မြို့လုံးမှာလည်း Mask တွေတပ်ပြီး သွားလာနေကြပါတယ်။ ထိတွေ့ထားတဲ့ မိသားစုဝင်နေအိမ်တွေ ကန့်သတ်မှုလုပ်နေတယ်” ဟု အမည်မဖော်လိုသူ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ပြောသည်။

ကော့ကရိတ်မြို့သို့ ခရီးသွားလာခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့ Mytel ရုံး တာဝန်ရှိသူတစ်ဦးကို ဇွန်လ ၂၉ ရက်နေ့တွင် ပိုးစစ်ကိရိယာဖြင့် စစ်ဆေးရာ Covid-19 ပိုး တွေ့ရှိခဲ့ပြီး နောက်ထပ်ရုံးဝန်ထမ်း ၉ ဦး ရောဂါပိုးထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ၊ ဝင်းရော်ဒေသနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဇွန်လ ၂၈ ရက်နေ့မှစတင်ကာ ကိုဗစ်ပိုးကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီး ကျန်းမာရေးဝန်ထမ်း လုံလောက်မှုမရှိခြင်းနှင့် ကိုဗစ်ရောဂါ ကာကွယ်သည့်နေရာများလည်း မရှိတော့သည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အခက်အခဲရှိလာသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...