အာဏာသိမ်းပြီးနောက် အရပ်သား ၉၀၀ နီးပါး အသတ်ခံရပြီး ၁၂၆ ဦး သေဒဏ်ပေးခံရဟု ကုလပြော

အာဏာသိမ်းပြီးနောက် အရပ်သား ၉၀၀ နီးပါး အသတ်ခံရပြီး ၁၂၆ ဦး သေဒဏ်ပေးခံရဟု ကုလပြော

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့များ၏ လက်ချက်ကြောင့် လက်နက်မဲ့အရပ်သားပြည်သူ ၈၈၃ ဦးထက်မနည်း သေဆုံးထားခဲ့ပြီး လူပေါင်း ၁၂၆ ဦးလည်း သေဒဏ်ချမှတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖ်နီဒူဂျာရစ်က ဇွန်လ ၂၉ ရက်တွင် ပြောခဲ့သည်ဟု Sputnik သတင်းဌာနက ဖော်ပြသည်။

“မြန်မာစစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့၀င်တွေရဲ့ လက်ချက်ကြောင့် သေဆုံးရသူ လက်နက်မဲ့အရပ်သားပြည်သူဦးရေ ၈၈၃ ဦးထက်မနည်း ရှိပြီ ဆိုတဲ့ အစီရင်ခံစာဖော်ပြချက်တွေရှိတယ်လို့ ကုလဌာနေအဖွဲ့က ပြောပါတယ်၊ အဲဒီသူတွေထဲမှာ အနည်းဆုံး ၄၀ ဦးခန့်ဟာ ထိန်းသိမ်းခံရစဥ်အတွင်း သေဆုံးခဲ့ရသူတွေဖြစ်တယ်လို့ ဆိုပါတယ်၊ နောက်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်အယောက် ၆၀ လည်း စစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့၀င်တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ ကုလဌာနေအဖွဲ့က ကျွန်တော်တို့ကို ပြောပါတယ်” ဟု ဒူဂျာရစ်က ပြောခဲ့သည်။

“မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ထိန်းသိမ်းဖမ်းဆီးခံထားရသူစုစုပေါင်း ၅,၂၀၂ ဦး ရှိနေပါတယ်၊ အဲဒီထဲမှာ ၁၂၆ ဦးဟာ သေဒဏ်ချခံထားရပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ကျည်အစစ်များအပါအ၀င် မြန်မာအာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့၀င်များဘက်က အင်အားအလွန်အကျွံ အသုံးပြုမှုအပေါ် မြန်မာနိုင်ငံရှိ ကုလရုံးက ဆက်လက်ပြီး အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသွားခဲ့သည်။

 
 

 

 

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...