ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ကြောင့် Stay Home သတ်မှတ်ချက် ထပ်မံရက်တိုးထုတ်ပြန်

ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ကြောင့် Stay Home သတ်မှတ်ချက် ထပ်မံရက်တိုးထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုများနေသည့်အတွက် ဒေသခံများအနေဖြင့် ၈ ရက်တိတိ နေအိမ်အပြင်မထွက်ကြရန်ဟူသော သတ်မှတ်ချက်ကို ၄ ရက်ပြန်တိုးပြီး စျေးဆိုင်များလည်းပိတ်ထားရန် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များအဖွဲ့က ဇွန်လ ၂၈ ရက်နေ့တွင် ထပ်မံပြီး ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုများနေသည့်အတွက် ကုသခြင်းထက် ကာကွယ်ကြခြင်းဖြင့် အထူးပြင်ဆင်နိုင်ရန်အတွက် တစ်ဦးခြင်းသော်လည်းကောင်း၊ မိသားစုအဖွဲ့အစည်းအနေဖြင့်လည်းကောင်း ပြင်ဆင်နိုင်ရန် တိုက်တွန်းထားပါသည်။

ဇွန်လ ၂၃ ရက်နေ့မှစပြီး ၃၀ ရက်နေ့အထိ နေအိမ်အပြင်မထွက်ကြရန်နှင့် စျေးဆိုင်များမဖွင့်ကြရန် သက်မှတ်ထားသော်လည်း လူအများပြားနှင့်ထိတွေ့ပြီး ကူးစက်မှုပြန်လည်များပြားလာမည်ကို စိုးရိမ်ရသဖြင့် ဇွန်လိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ပြန်လည်ရက်တိုးထားကြောင်းလည်း ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်အဖွဲ့မှ ထုတ်ပြန်ထားပါသည်။

လက်ရှိ ဖလမ်းမြို့တွင် ကိုဗစ်-19 ကပ်ဘေးကြောင့် ဆွေမျိုးသားချင်းနှင့် ခရစ်ယာန်အသင်းသူအသင်းသားများထံကို လာရောက်နိုင်ချင်းမရှိသောကြောင့် ဇူလိုင်လ ၄ ရက်နေ့တွင် မနက်ပိုင်း ၉ နာရီမှ ၁၀ နာရီအတွင်း ဘုရားသခင်ထံ ဆုတောင်းဝတ်ပြုကြရန် ဘုရားသခင်နာမတော်နှင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ မေတ္တာရပ်ခံထားပါသည်။

ကိုဗစ်-၁၉ ကပ်ဘေးမှ ရပ်ရွာဒေသရှိ မိသားစုများ လွှတ်မြောက်နိုင်ရန် အရေးကြီးလိုအပ်ချက်မရှိပါက နေအိမ်အပြင်မထွက်ကြရန် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်အဖွဲ့မှ ဘုရားသခင်နာမတော်ဖြင့် မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါသည်။

 
 

 

 

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...