ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုများနေသည့်အတွက် ဒေသခံများအနေဖြင့် ၈ ရက်တိတိ နေအိမ်အပြင်မထွက်ကြရန်ဟူသော သတ်မှတ်ချက်ကို ၄ ရက်ပြန်တိုးပြီး စျေးဆိုင်များလည်းပိတ်ထားရန် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များအဖွဲ့က ဇွန်လ ၂၈ ရက်နေ့တွင် ထပ်မံပြီး ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါထုတ်ပြန်ချက်ထဲတွင် ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုများနေသည့်အတွက် ကုသခြင်းထက် ကာကွယ်ကြခြင်းဖြင့် အထူးပြင်ဆင်နိုင်ရန်အတွက် တစ်ဦးခြင်းသော်လည်းကောင်း၊ မိသားစုအဖွဲ့အစည်းအနေဖြင့်လည်းကောင်း ပြင်ဆင်နိုင်ရန် တိုက်တွန်းထားပါသည်။
ဇွန်လ ၂၃ ရက်နေ့မှစပြီး ၃၀ ရက်နေ့အထိ နေအိမ်အပြင်မထွက်ကြရန်နှင့် စျေးဆိုင်များမဖွင့်ကြရန် သက်မှတ်ထားသော်လည်း လူအများပြားနှင့်ထိတွေ့ပြီး ကူးစက်မှုပြန်လည်များပြားလာမည်ကို စိုးရိမ်ရသဖြင့် ဇွန်လိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ပြန်လည်ရက်တိုးထားကြောင်းလည်း ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်အဖွဲ့မှ ထုတ်ပြန်ထားပါသည်။
လက်ရှိ ဖလမ်းမြို့တွင် ကိုဗစ်-19 ကပ်ဘေးကြောင့် ဆွေမျိုးသားချင်းနှင့် ခရစ်ယာန်အသင်းသူအသင်းသားများထံကို လာရောက်နိုင်ချင်းမရှိသောကြောင့် ဇူလိုင်လ ၄ ရက်နေ့တွင် မနက်ပိုင်း ၉ နာရီမှ ၁၀ နာရီအတွင်း ဘုရားသခင်ထံ ဆုတောင်းဝတ်ပြုကြရန် ဘုရားသခင်နာမတော်နှင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ မေတ္တာရပ်ခံထားပါသည်။
ကိုဗစ်-၁၉ ကပ်ဘေးမှ ရပ်ရွာဒေသရှိ မိသားစုများ လွှတ်မြောက်နိုင်ရန် အရေးကြီးလိုအပ်ချက်မရှိပါက နေအိမ်အပြင်မထွက်ကြရန် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်အဖွဲ့မှ ဘုရားသခင်နာမတော်ဖြင့် မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါသည်။







