မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂက CDM ဝန်ထမ်း ထောက်ပံ့ရေးဆောင်ရွက်နေ

မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂက CDM ဝန်ထမ်း ထောက်ပံ့ရေးဆောင်ရွက်နေ

မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားလွှတ်တော်၏ စည်းမျဉ်းများနှင့်အညီ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု (CDM) ကူညီထောက်ပံ့မှုကို ဆောင်ရွက်နေကြောင်း သိရသည်။

“အာဏာရှင်တို့၏ အုပ်ချုပ်မှု့အောက်မှာ အလုပ်မလုပ်ချင်သော၊ အာဏာရှင်နဲ့ မပူးပေါင်းလိုသော ဝန်ထမ်းများက အာဏာရှင်ယန္တယားရပ်တန့်စေရန် အမိန့်အာဏာကိုဖီဆန်ပြီး CDM လုပ်လာကြသော ဝန်ထမ်းများထဲမှာ မိမိတို့ လစာတခုတည်းပေါ်ရပ်တည်ပီး အသက်မွေးနေရသော ဝန်ထမ်းများစွာရှိနေကြောင်းကို တွေ့လာရပါတယ်။

၎င်းဝန်ထမ်းများ၏ စားဝတ်နေရေး တဒင်္ဂအဆင်ပြေစေရန်တွက် ကျနော်တို့ပြည်သူတွေမှာ တာဝန်ရှိလာပါတယ်။ ထို့အတွက်ကြောင့် ပြည်သူမှပြည်သူသို့ ခေါင်းစဥ်လေးနဲ့ ၃ လပိုင်းမှစတင်ပီး သူရဲကောင်း CDM ဝန်ထမ်းများကို ထောက်ပံ့ကူညီခဲ့ခြင်းဖြစ်ပါတယ်” ဟု လုပ်ငန်းဦးဆောင်သူတစ်ဦးက ပြောသည်။

ကူညီမှုတွင် ဌာနမခွဲထားဘဲ မည်သည့်ဝန်ထမ်းကိုမဆို အနည်းငယ်စိစစ်ပြီး ကူညီကြောင်းနှင့် လုပ်ငန်းတတ်နိုင်သည့် အင်အားဖြင့်သာ ဆောင်ရွက်ရသည့်အတွက် နှုန်းထားတစ်ခုသာထောက်ပံ့နိုင်ကြောင်း သိရသည်။

အစောပိုင်းတွင် ဆန်ဆီဆား စတာတွေပါ ထောက်ပံ့နိုင်ခဲ့ပေမယ့် ကူညီပေးဖြစ်သော ဝန်ထမ်းအရေတွက် များလာတာကြောင့်နှင့် အလှူငွေ နည်းပါးလာခြင်းများကြောင့် ဝန်ထမ်းတဦးကို ငွေသားသာထောက်ပံ့နိုင်ေတာ့ကြောင်း ဦးဆောင်သူက ဆက်လက်ရှင်းပြသည်။

လုပ်ငန်းစဉ်အတွက် ကျောင်းသား/သူများအပြင် အများပြည်သူတွေကလည်း ထည့်ဝင်ကြတယ်လို့ သိရသည်။

CDM လုပ်ပီး အကြမ်းမဖက်တော်လှန်နေကြသော ပြည်သူ့ဝန်ထမ်းစစ်စစ်တွေကို ဆက်လက်ကူညီထောက်ပံ့မည်ဖြစ်ပြီး ပြည်သူများကလည်း ကူညီဖို့ မေတ္တာရပ်ခံထားသည်။

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...