ကျောက်တော် မဟာမုနိဘုရားဓမ္မာရုံရှိ တပ်မတော်တပ်စခန်းတစ်ခုကို AA က ဝင်ရောက်စီးနင်း၊ လက်နက်တချို့ ယူဆောင်သွားဟုဆို

ကျောက်တော် မဟာမုနိဘုရားဓမ္မာရုံရှိ တပ်မတော်တပ်စခန်းတစ်ခုကို AA က ဝင်ရောက်စီးနင်း၊ လက်နက်တချို့ ယူဆောင်သွားဟုဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မဟာမုနိဘုရားဓမ္မာရုံတွင် တပ်စခန်းချထားသည့် မြန်မာ့တပ်မတော် တပ်စခန်းတစ်ခုကို ယမန်နေ့ည ၁၂ နာရီခန့်က ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်စီးနင်းမှုဖြစ်ပွားကာ လက်နက်တချို့ကို သိမ်းယူသွားကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့မှ ဒေသခံတစ်ဦးက “ညဉ့် ၁၂ နာရီဝန်းကျင်လောက်မှာ သူတို့နေတဲ့ဓမ္မာရုံကို ရက္ခိုင့်တပ်တော်က ဝင်ပြီးစီးတယ်။ သူတို့အားလုံးကိုလည်း ပြားပြားဝပ်ခိုင်းထားတယ်။ လက်နက်တွေကို သူတို့က သေတ္တာထဲထည့်ထားတယ်လိို့သိရတယ်။ အဲဒါတွေကို ဖွင့်ပေးဆိုပြီး လက်နက်ခဲယမ်းတွေယူသွားတယ်။ သူတို့ကို ဒီတိုင်းပြားပြားမှောက်လို့ ထားခဲ့တယ်လို့ပြောတယ်” ဟု ပြောသည်။

၄င်းနောက် ယနေ့နံနက်က ဘုရားအနီးတွင် တပ်မတော်ဘက်မှ စစ်ကား ၇ စီးခန့်တွေ့ခဲ့ရသည်ဟု ကြားသိခဲ့ကြောင်း သူက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) မှ ပြောခွင့်ရရှိသူ ဦးခိုင်သုခအားဆက်သွယ်ရာ သူက “အဲဒီမဟာမုနိဘုရားနားမှာ ဒီလူငယ်သဘာဝပေါ့နော်။ တစ်ဖက်နဲ့တစ်ဖက် ပြဿနာတွေ နည်းနည်းရှိခဲ့တာတော့ရှိတယ်။ ဒါပေမဲ့လို့ အခုကတော့ နှစ်ဖက်ညှိနှိုင်းပြီးတော့မှ ပြေပြေလည်လည်ဖြေရှင်းလိုက်ကြပြီ။ အခုလောလောဆယ်တော့ ပြဿနာတွေ အေးအေးဆေးဆေးပါပဲ” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် (AA) က မြန်မာ့တပ်မတော်ဖက်မှ လက်နက်တချို့ ယူဆောင်သွားသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ ဦးခိုင်သုခက တစ်စုံတရာ တုံ့ပြန်ဖြေဆိုခြင်းမရှိခဲ့ပါ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိသေးပါ။

ယင်းနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနေထွန်းလှိုင်အား ဖုန်းဖြင့် ထပ်မံဆက်သွယ်ရာ၌လည်း ဖုန်းမကိုင်ခဲ့ပါ။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...