မကွေးက CDM ဝင်ထားသည့် ရဲတပ်သား ၂ ဦး ဖမ်းဆီးခံရ

မကွေးက CDM ဝင်ထားသည့် ရဲတပ်သား ၂ ဦး ဖမ်းဆီးခံရ

စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်ထားတဲ့ မကွေးတိုင်းဒေသကြီးက ရဲတပ်သားနှစ်ဦးဟာ ဂန့်ဂေါ-ကလေး လမ်းမအနီးပတ်ဝန်းကျင်မှာ တိမ်းရှောင်နေရင်း ဇွန်လ ၂၆ ရက်က စစ်အုပ်စုတပ်တွေရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူခရိုင်၊ ပေါက်မြို့မရဲစခန်းက လ-၂၇၉၆၁၁ ရဲတပ်သား ဇော်မိုးနိုင်နဲ့ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းက လ-၂၆၆၅၁၈ ရဲတပ်သား နိုင်နိုင်တိုး (ခ) ရန်နိုင်တိုးတို့နှစ်ဦးဟာ ပြီးခဲ့တဲ့မတ်လအတွင်းက CDM ပြုလုပ်တိမ်းရှောင်နေခဲ့ပြီး မနေ့က ဇွန်လ ၂၆ ရက်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

“ရွာကို ခဏအပြန်လမ်းမှာ အဖမ်းခံရတာ။ ရိုက်နှက်ပြီး ဖမ်းဆီးသွားတာ” လို့ ဒေသခံက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်တွေရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ရဲနှစ်ဦးထဲက ရဲတပ်သား နိုင်နိုင်တိုး (ခ) ရန်နိုင်တိုးရဲ့ မိခင်ကတော့ သားဖြစ်သူနဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့ပြီး အခုလို ဖမ်းဆီးခံလိုက်ရတဲ့သတင်းကို ကြားရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

 
 

 

 

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...