ကိုဗစ်-19 စံချိန်တင်ကူးစက် လူသေဆုံးမှုမြင့်တက်နေသည့် ကလေးမြို့တွင် PPE ဝတ်စုံ ပြတ်လပ်လာနိုင်ဟုသိရ

ကိုဗစ်-19 စံချိန်တင်ကူးစက် လူသေဆုံးမှုမြင့်တက်နေသည့် ကလေးမြို့တွင် PPE ဝတ်စုံ ပြတ်လပ်လာနိုင်ဟုသိရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ကိုဗစ်-19 ကူးစက်လူသေဆုံးမှု စံချိန်တင်မြင့်တက်နေသဖြင့် Volunteer ဝတ်ဆင်သည့် PPE ဝတ်စုံ မလုံလောက်ဖြစ်နေပြီဟု သိရသည်။

ကိုဗစ်-19 ဖြင့် ကူးစက်သေဆုံးမှု စံချိန်တင်မြင့်တတ်နေသည့် ကလေးမြို့တွင် စေတနာဝန်ထမ်း (Volunteer) လူအင်အားမလုံလောက်မှုနှင့် PPE ဝတ်စုံ ပြတ်လပ်လာနိုင်ဟု တာဝန်ရှိ Volunteer တစ်ဦးက ပြောသည်။

"PPE ဝတ်စုံကလည်း တစ်ခါသုံးပြီးရင် လျော်ပြီး သုံးလို့ရတဲ့ဟာမဟုတ်တော့ နောက်ပြီး သေဆုံးမှုက တစ်နေ့ပြီးတစ်နေ့ များလာတယ် ကျနော်တို့လို အလောင်းမြှုပ်နေတဲ့ စေတနာဝန်ထမ်းတွေဝတ်ဖို့ ပြတ်လပ်လာနိုင်တယ် အရင်က PPE ဝတ်စုံ ၅၀၀ လောက် ရောက်တယ်ဆိုပေမယ့်  ဖလမ်းမြို့နယ်တချို့ကလည်း လာယူတယ် နောက်ပြီး ကလေးမြို့နယ် ကျေးရွာတွေကစ ယူကြတော့ ကျနော်တို့ကလည်းပြောတယ် သုံးဖို့လိုတဲ့ရက်မှ လာယူ အဲလိုပြောရတယ်" ဟု ပြောသည်။

ကလေးမြို့ ဒိုးဝိုင်းချောင်း ခရစ်ယာန် စုပေါင်းသင်္ချိုင်းတွင် တစ်လလျှင် လူဦးရေ ၄၀ ခန့်သာ သဂြိုဟ်မှုပြုလုပ်ပေးခဲ့ရသော်လည်း ယခုလပိုင်းတွင် တစ်ပတ်အတွင်း လူဦးရေ ၇၀ အထိ သဂြိုဟ်မှု ပြုလုပ်ပေးခဲ့ရသည့်နေ့များသည်ဟု သိရသည်။

ကိုဗစ် Volunteer တစ်ဦးက "ကျနော်တို့လို စေတနာဝန်ထမ်းတွေလည်း အရမ်းပင်ပန်းနေကြပြီ ဖြစ်နိုင်ရင် တစ်ပတ်တခါ တလှည့်စီလုပ်ရင် အဆင်ပြေမှာ အခုက လူအင်အားကလည်း သိပ်မရှိဘူး အရမ်းခက်ခဲတယ်" ဟု ပြောသည်။

သင်္ချိုင်းထိ သဂြိုလ်ပေးသည့် Volunteer များအနေဖြင့် ကာကွယ်ရေးပစ္စည်းများ၊ ပိုးသတ်ဆေးများနှင့် လက်အိတ်၊ နှာခေါင်းစည်းများလိုအပ်ချက်ရှိကြောင်း သိရသည်။

 
 

 

 

Most read this week

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...