မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် လက်နက်ကြီးကျကာ နေအိမ်နှင့် စပါးကျီမီးလောင်ပြာကျခဲ့သည့်မိသားစု မန်နောင်ကျေးရွာတွင် အခြေပြန်ချနိုင်ရန် ဒေသခံများ ကူညီပေးခဲ့

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် လက်နက်ကြီးကျကာ နေအိမ်နှင့် စပါးကျီမီးလောင်ပြာကျခဲ့သည့်မိသားစု မန်နောင်ကျေးရွာတွင် အခြေပြန်ချနိုင်ရန် ဒေသခံများ ကူညီပေးခဲ့

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် မေလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် KIA တို့၏တိုက်ပွဲကြောင့် နေအိမ်ဝန်းတစ်ခုအတွင်း လက်နက်ကြီးကျကာ နေအိမ် (၅) လုံးနှင့် စပါးကျီမီးလောင်ပြာကျခဲ့သည့် မိသားစုကို မန်နောင်ကျေးရွာတွင် ပြောင်းရွေ့အခြေချခဲ့ကြောင်း သိရသည်။

“သူတို့အိမ်ဝန်းကို ထားပစ်ထားတယ်။ တောနဲ့လဲ နည်းနည်းနီးနေလို့လေ။ သူတို့က အစက မပြေးဘူး ခု အိမ်မီးလောင်မှ ပြောင်းလာတော့တာ” ဟု မန်နောင်ဒေသခံတစ်ဦးက ပြောဆိုသည်။

၎င်းမိသားစုသည် မန်နောင်ကျေးရွာရှိ ဆွေမျိုးများထံ ပြောင်းရွေ့လာခဲ့ကာ ကျေးရွာသားများက နေအိမ်ကူဆောက်ပေးပြီး လိုအပ်သည့်အိမ်အသုံးဆောင်ပစ္စည်း၊ ငွေကြေး၊ အိုးခွက်နှင့် ဆန်ဆီဆားများကို ကူညီပေးခဲ့သည်ဟု ဆိုသည်။

မေလ ၂၂ ရက်နေ့ညက နေအိမ်ဝန်းတစ်ခုအတွင်း လက်နက်ကြီးကျမှုကြောင့် နေအိမ် (၅) လုံး၊ စပါးတင်း (၆၀၀)၊ လယ်ယာသုံးထွန်စက်များ၊ ပဲများနှင့် သစ် (၃) တန်ကျော် မီးလောင်ဆုံးရှုံးခဲ့ကာ လူတစ်ဦး လက်မောင်း လက်နက်ကြီးစထိမှန်ခဲ့သည်။

မီးလောင်ခဲ့သည့် အိမ်ဝန်းထဲမှ မိသားစု (၃) ဦးက မန်နောင်ကျေးရွာတွင် ပြောင်းရွေ့အခြေချခဲ့ကာ ကျန်ရှိသည့် မိသားစုဝင်များက မိုးမောက်မြို့နယ်တွင် နေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...