ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ထိတွေ့သူ ၅ ဦး ကွာရန်တင်းဝင်နေရ

ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ထိတွေ့သူ ၅ ဦး ကွာရန်တင်းဝင်နေရ

ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် သူ၏ဝန်ထမ်းတစ်ဦးတွင် ဇွန်လ ၂ဝ ရက်နေ့ နံနက်က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

၄င်းတို့မှာ ဖျားနာနေသဖြင့် မသင်္ကာ၍ ကိုဗစ်ပိုးစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံက နိရဥ္စရာသတင်းဌာနအား ပြောသည်။

“သူတို့က နေမကောင်းလို့ အိမ်မှာနေတာပါ။ ဖျားနေလို့ စစ်လိုက်တာပါ။ သူတို့ကတော့ ဝန်ထမ်းဖြစ်တဲ့အတွက် သွားတာလာတာတော့ ရှိမှာပါပဲ။ ခိုးဝင်နဲ့ တိုက်ရိုက်တွေ့စရာအကြောင်းတော့မရှိဘူး။ ထိတွေ့လူနာတွေကိုတော့ မစစ်ရသေးဘူး။ ကွာရန်တင်းထားထားတယ်” ဟု ပြောသည်။

၄င်းတို့နှစ်ဦးအနေဖြင့် မည်သည့်နေရာမှ ကိုဗစ်ပိုးကူးစက်သည်ကို လောလောဆယ် မသိရှိရသေးပေ။

မောင်တောမြို့နယ်တွင် လွန်ခဲ့သည့်မတ်လအတွင်းမှ ဇွန်လ ၂ဝ ရက်နေ့အတွင်း ကိုဗစ်တတိယလှိုင်းအတွင်း ဘင်္ဂလားဒေ့ရှ့်မှပြန်လာသူ သုံးဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့နှစ်ဦး၊ စုစုပေါင်း ၅ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိထားပြီဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၇၁ ဦးအထိ ရှိသွားပြီဖြစ်သည်။

၂ဝ၂ဝ ပြည့်နှစ် ကိုဗစ်ဒုတိယလှိုင်းအတွင်းကာလကလည်း ရခိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၇ ဦးနှင့် ၄၂၆၄ ဦးတို့တွင် ရောဂါကူးစက်ခံခဲ့ရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...