ဖားကန့်ဒေသအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ဖမ်းဆီးခံရပြီး တစ်လကျော်အကြာတွင် ပထမအကြိမ် ရုံးထုတ်မှုပြုလုပ်

ဖားကန့်ဒေသအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ဖမ်းဆီးခံရပြီး တစ်လကျော်အကြာတွင် ပထမအကြိမ် ရုံးထုတ်မှုပြုလုပ်
by -
ခေါင်ညွယ် (KNG)

ပုဒ်မ ၅၀၅ (က) နှင့် ဖမ်းဆီးခံထားရသည့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးအား ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

"ဒီနေ့က ပထမအကြိမ်ရုံးထုတ်တဲ့သဘောပါ စစ်ဆေးတာတွေမရှိသေးဘူး။ ရှေ့နေပါဝါတင်တဲ့အဆင့်ဘဲ ရှိပါသေးတယ်” ဟု ကိုနောင်ရိုးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးသည် ပြီးခဲ့သည့် ဧပြီ ၉ ရက်က ဖားကန့်မြို့သို့ သတင်းသွားယူရန် လုံးခင်းမှအထွက် ပန်းတင်တံတားအနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထို့နောက် တစ်လကျော်ကြာမြင့်လာသည့်အထိ ရုံးထုတ်ခဲ့ခြင်းမရှိကာ မေ ၁၈ ရက်မှ ပထမအကြိမ် ရုံးထုတ်ခဲ့ခြင်းသည်။

ဖမ်းခံထားရသည့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးသည် ကျန်းမာရေးကောင်းမွန်ကြောင်းလည်း သိရသည်။

“ဖမ်းသွားပြီးနောက် စစ်ဆေးတာတွေကရှိပေမယ့် ရိုက်နှက်တာမျိုးတော့ မရှိဘူးလို့ သိရတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်” ဟု အမည်မဖော်လိုတစ်ဦးက ပြောသည်။

ဖားကန့်မြို့တွင် ဖမ်းဆီးခံထားရသည့် အလွတ်တန်းသတင်းထောက် နှစ်ဦးရှိကာ ကျန်တစ်ဦးအား ရုံးထုတ်ခြင်းမရှိသေးပေ။

လက်ရှိအချိန်ထိ ဖားကန့်မြို့နယ်အတွင်း တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသူ စုစုပေါင်း ၄၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...