ပလက်ဝမြို့ရဲစခန်းတွင် ဖမ်းဆီးခံရသည့် လူငယ်ငါးဦးကို ၂၈၉ တပ်ရင်းသို့ခေါ်ဆောင်သွား

ပလက်ဝမြို့ရဲစခန်းတွင် ဖမ်းဆီးခံရသည့် လူငယ်ငါးဦးကို ၂၈၉ တပ်ရင်းသို့ခေါ်ဆောင်သွား

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံရပြီး ရဲစခန်းတွင် ထိန်းသိမ်းခံရသည့် လူငယ်ငါးဦးကို ဇွန် ၁၇ ရက်က ၂၈၉ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

 

“သူတို့ကို မြို့နယ်တရားရုံးက ၅၀၅ နဲ့ဆွဲလိုက်တာ။ နှစ်နာရီဝန်းကျင်လောက်မှာ သူတို့ ၂၈၉ တပ်ရင်းကိုခေါ်သွားတယ်။ ဘာကြောင့်ခေါ်သွားတယ်ဆိုတာမသိရဘူး” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

 

၎င်းတို့သည် ဇွန် ၃၀ ရက်တွင် ရုံးပြန်ချိန်ကာ မိသားစုဝင်များနှင့် အဆက်အသွယ်မရတော့ကြောင်း သိရသည်။

 

ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေ ၂၈ ရက် နံနက်က ဗုံးနှစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင် အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ချိန်ထိ ငါးဦး ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...