တီးတိန်မြို့ PDF camp ကို Zomi Revolutionary Army (ZRA) အဖွဲ့မှ ဖျက်ဆီးဟုသိရ

တီးတိန်မြို့ PDF camp ကို Zomi Revolutionary Army (ZRA) အဖွဲ့မှ ဖျက်ဆီးဟုသိရ

တီးတိန်မြို့ PDF Camp ကို Zomi Revolutionary Army (ZRA) အဖွဲ့က ဇွန်လ ၁၆ ရက်နေ့တွင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဖျက်ဆီးခံလိုက်ရသည့် တီးတိန်မြို့ PDF Camp ၏ ပစ္စည်းတန်ဖိုး စုစုပေါင်း သိန်း ၂၀၀ ဝန်းကျင်ရှိသည်ဟု တီးတိန်မြို့ PDF ဖော်ပြချက်အရ သိရသည်။

အဖျက်ဆီးခံရ ပစ္စည်းများတွင် မိုးကာသဲအိမ် (18×50) ၃ အိမ်၊ မီးစက်၊ ဓာတ်ဆီ၊ ဆန်၊ ဆီ၊ ဆား၊ အားလူး လူအယောက်တစ်ရာအတွက် (၄၅ ရက်စာ) အားဆေးနဲ့ အခြားဆေးများနှင့် အခြားပစ္စည်းအမျိုးမျိုးလည်း ပါဝင်သည်။

တူမီးသေနတ်/တစ်လုံးပြူး (၅)လက် - သိန်း (၆၀)ဝန်းကျင် စုစုပေါင်းတန်ဖိုး သိန်း ၂၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

တီးတိန်မြို့ PDF Camp ဖျက်စီးခြင်းနှင့်ပက်သက်ပြီး ZRA အဖွဲ့အနေဖြင့် ZRA (အရှေ့ပိုင်းတိုင်း) အဖွဲ့က မိမိတို့ လှုပ်ရှားနယ်မြေအတွင်း သီးခြားလက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ခြင်းကို လုံးဝလက်ခံမှာမဟုတ်ကြောင်း တာဝန်ရှိသူများထံ အကြိမ်ကြိမ်သတိပေးထားပြီဟု ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Zomi Revolutionary Army (ZRA) အဖွဲ့အနေဖြင့် တီးတိန်မြို့ PDF Camp ကို မီးရှို့ဖျက်စီးခဲ့သည်မှာ မေလ ၂၂ ရက်နေ့တွင် တစ်ကြိမ် ဇွန်လ 16 ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း (၂) ကြိမ် ဖျက်ဆီးခဲ့ပြီဟု သိရသည်။

 
 

 

 

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...