တီးတိန်မြို့ PDF camp ကို Zomi Revolutionary Army (ZRA) အဖွဲ့မှ ဖျက်ဆီးဟုသိရ

တီးတိန်မြို့ PDF camp ကို Zomi Revolutionary Army (ZRA) အဖွဲ့မှ ဖျက်ဆီးဟုသိရ

တီးတိန်မြို့ PDF Camp ကို Zomi Revolutionary Army (ZRA) အဖွဲ့က ဇွန်လ ၁၆ ရက်နေ့တွင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဖျက်ဆီးခံလိုက်ရသည့် တီးတိန်မြို့ PDF Camp ၏ ပစ္စည်းတန်ဖိုး စုစုပေါင်း သိန်း ၂၀၀ ဝန်းကျင်ရှိသည်ဟု တီးတိန်မြို့ PDF ဖော်ပြချက်အရ သိရသည်။

အဖျက်ဆီးခံရ ပစ္စည်းများတွင် မိုးကာသဲအိမ် (18×50) ၃ အိမ်၊ မီးစက်၊ ဓာတ်ဆီ၊ ဆန်၊ ဆီ၊ ဆား၊ အားလူး လူအယောက်တစ်ရာအတွက် (၄၅ ရက်စာ) အားဆေးနဲ့ အခြားဆေးများနှင့် အခြားပစ္စည်းအမျိုးမျိုးလည်း ပါဝင်သည်။

တူမီးသေနတ်/တစ်လုံးပြူး (၅)လက် - သိန်း (၆၀)ဝန်းကျင် စုစုပေါင်းတန်ဖိုး သိန်း ၂၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

တီးတိန်မြို့ PDF Camp ဖျက်စီးခြင်းနှင့်ပက်သက်ပြီး ZRA အဖွဲ့အနေဖြင့် ZRA (အရှေ့ပိုင်းတိုင်း) အဖွဲ့က မိမိတို့ လှုပ်ရှားနယ်မြေအတွင်း သီးခြားလက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ခြင်းကို လုံးဝလက်ခံမှာမဟုတ်ကြောင်း တာဝန်ရှိသူများထံ အကြိမ်ကြိမ်သတိပေးထားပြီဟု ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Zomi Revolutionary Army (ZRA) အဖွဲ့အနေဖြင့် တီးတိန်မြို့ PDF Camp ကို မီးရှို့ဖျက်စီးခဲ့သည်မှာ မေလ ၂၂ ရက်နေ့တွင် တစ်ကြိမ် ဇွန်လ 16 ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း (၂) ကြိမ် ဖျက်ဆီးခဲ့ပြီဟု သိရသည်။

 
 

 

 

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...