ပလက်ဝတွင် ရွာသားများကို ရက္ခိုင့်တပ် AA အဖွဲ့တွင်ဝင်ရန် ပြောဆိုမှုများရှိဟုသိရ

ပလက်ဝတွင် ရွာသားများကို ရက္ခိုင့်တပ် AA အဖွဲ့တွင်ဝင်ရန် ပြောဆိုမှုများရှိဟုသိရ

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပီချောင်းကျေးရွာဖက်တွင် ရွာ ၁ ရွာတွင် လူ ၃ ဦး ရက္ခိုင့်တပ်မတော် AA အဖွဲ့တွင် ဝင်ရောက်ရမည်ဟု လက်နက်ကိုင် AA အဖွဲ့မှ ပြောဆိုမှုရှိကြောင်း ဒေသခံများထံက သိရပါသည်။

ပလက်ဝမြို့ ဒေသခံတစ်ဦးက "ဒေသခံတွေပြောတာတော့ AA ဖက်က ရွာကိုဝင်ပြီးတော့ တစ်ရွာကို ၃ ယောက် သူတို့တပ်ထဲဝင်ဖို့ပြောတယ် အဲလိုပြောတာလည်း ဒီလဆန်းပိုင်းကဖြစ်မယ်" ဟု ပြောသည်။

ပလက်ဝမြို့နယ်အနောက်ဖက် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်တည်ရှိသည့် ပီချောင်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၃၀ ရွာကျော်တည်ရှိကြောင်းလည်း သိရသည်။

လက်နက်ကိုင် ရက္ခိုင့်တပ်မတော် AA အဖွဲ့သည် ၂၀၁၉ ခုနှစ်ကတည်းကစ ပလက်ဝမြို့နယ်အနောက်ဖက် ပီချောင်းဘက်တွင် ခြေကုတ်ယူနေခဲ့ကြကြောင်းလည်း သိရသည်။

လက်ရှိ ရက္ခိုင့်တပ်မတော် AA အဖွဲ့အနေဖြင့် ပလက်ဝမြို့နယ် နေရာတော်တော်များတွင် နေရာယူထားကြကြောင်းလည်း ဒေသခံများထံက သိရသည်။

 
 

 

 

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...