ပလက်ဝတွင် ရွာသားများကို ရက္ခိုင့်တပ် AA အဖွဲ့တွင်ဝင်ရန် ပြောဆိုမှုများရှိဟုသိရ

ပလက်ဝတွင် ရွာသားများကို ရက္ခိုင့်တပ် AA အဖွဲ့တွင်ဝင်ရန် ပြောဆိုမှုများရှိဟုသိရ

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပီချောင်းကျေးရွာဖက်တွင် ရွာ ၁ ရွာတွင် လူ ၃ ဦး ရက္ခိုင့်တပ်မတော် AA အဖွဲ့တွင် ဝင်ရောက်ရမည်ဟု လက်နက်ကိုင် AA အဖွဲ့မှ ပြောဆိုမှုရှိကြောင်း ဒေသခံများထံက သိရပါသည်။

ပလက်ဝမြို့ ဒေသခံတစ်ဦးက "ဒေသခံတွေပြောတာတော့ AA ဖက်က ရွာကိုဝင်ပြီးတော့ တစ်ရွာကို ၃ ယောက် သူတို့တပ်ထဲဝင်ဖို့ပြောတယ် အဲလိုပြောတာလည်း ဒီလဆန်းပိုင်းကဖြစ်မယ်" ဟု ပြောသည်။

ပလက်ဝမြို့နယ်အနောက်ဖက် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်တည်ရှိသည့် ပီချောင်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၃၀ ရွာကျော်တည်ရှိကြောင်းလည်း သိရသည်။

လက်နက်ကိုင် ရက္ခိုင့်တပ်မတော် AA အဖွဲ့သည် ၂၀၁၉ ခုနှစ်ကတည်းကစ ပလက်ဝမြို့နယ်အနောက်ဖက် ပီချောင်းဘက်တွင် ခြေကုတ်ယူနေခဲ့ကြကြောင်းလည်း သိရသည်။

လက်ရှိ ရက္ခိုင့်တပ်မတော် AA အဖွဲ့အနေဖြင့် ပလက်ဝမြို့နယ် နေရာတော်တော်များတွင် နေရာယူထားကြကြောင်းလည်း ဒေသခံများထံက သိရသည်။

 
 

 

 

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...