မင်းတပ်တွင် စစ်ကောင်စီဖွဲ့မှ ဖမ်းဆီးနှိပ်စက်ဒဏ်ရာရှိသူ မသန်စွမ်း ၂ ဦးကို ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း သိရ

မင်းတပ်တွင် စစ်ကောင်စီဖွဲ့မှ ဖမ်းဆီးနှိပ်စက်ဒဏ်ရာရှိသူ မသန်စွမ်း ၂ ဦးကို ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း သိရ

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ နှိပ်စက်ထားသည့် မသန်စွမ်း ဦးမာန်မောင်း (၄၇) နှစ်နှင့် ကျည်ထိမှန်အမျိုးသမီးတို့ကို ဆေးကုသမှုပေးနိိုင်ခဲ့ကြောင်း မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။

အသက် ၄၇ နှစ်အရွယ် ဦးမာန်မောင်းဟာ စိတ်ကျန်းမာရေးချို့တဲ့သူဖြစ်ပြီး ဘုရားစခန်းရွာထဲကို (၁၀.၆.၂၁) ရက်နေ့မှာ စကစတပ်တွေဝင်လာတုန်းက သူ့ကိုဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ် ရိုက်နှက်ခဲ့ပါတယ်။

အဲဒီကနေရရှိလာတဲ့ ဦးခေါင်း၊ ခြေထောက်က ဒဏ်ရာတွေကို ကုသမှုပေးခဲ့ပါတယ်ဟု ထုတ်ပြန်ထားပါသည်။

"အသက် ၆၃ နှစ်အရွယ် ဒေါ်ဂေစိမ်းငှိမ်းဟာ စိတ်ကျန်းမာရေးမကောင်းတာ ၄ နှစ်လောက်ရှိပြီဖြစ်ပြီး အိပ်ရာထဲလဲနေတာပါ။ သူ့အိမ်ခေါင်မိုးပေါ်က ဆိုလာပြားကို တက်ဖြုတ်နေတဲ့ စကစစ်သားကို မဖြုတ်ဖို့ အိမ်ထဲကနေ အော်ပြောတဲ့အတွက် အပစ်ခံရတာပါ။ ကျည်တွေက သွပ်ခေါင်မိုးကိုဖောက်ပြီး အိပ်ရာထဲလဲနေတဲ့ ေဒါ်ဂေစိမ်းငှိမ်းရဲ့ ညာဘက်ပေါင်နဲ့ ခြေသလုံးကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ သေနတ်ဒဏ်ရာတွေကို ခွဲစိတ်သန့်စင်ချုပ်လုပ် ပတ်တီးစည်းပြီး ကုသမှုပေးခဲ့ပါတယ်" ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။

ဒဏ်ရာရရှိသူများကို (၁၄.၆.၂၀၂၁) နေ့လယ်ပိုင်းလောက်မှာ အန္တရာယ်ကြားထဲကပဲ မင်းတပ်မြို့နယ်၊ ဘုရားစခန်းကျေးရွာကို ရောက်အောင်သွားပြီး ကျည်ထိတဲ့လူနာအမျိုးသမီးနဲ့ နှိပ်စက်ခံရတဲ့ လူနာအမျိုးသားတို့ကို ဆေးကုသမှုပေးနိုင်ခဲ့ပါတယ်ဟု ဖော်ပြထားပါသည်။

ဒဏ်ရာရရှိလူနာ ၂ ဦးလုံးမှာ နှိပ်စက်ခံဒဏ်ရာရရှိထားကြောင်းကို ရွာသားများထံမှ ဇွန်လ ၁၃ ရက်နေ့မှသာ သိရှိခဲ့ရပြီး လူနာနှစ်ဦးလုံးဟာ ၄ ရက်လုံးလုံး ကိုယ့်ဟာကိုဖြတ်သန်းခဲ့ရပြီး လက်ရှိတွင် အခြေနေမစိုးရိမ်ရကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...