ကလေးမြို့တွင် အောက်ဆီဂျင်မလုံလောက်မှုနှင့် အချိန်မှီမကုသနိုင်မှုများကြောင့် ကိုဗစ်လူနာများ သေဆုံးနေရဟုဆို

ကလေးမြို့တွင် အောက်ဆီဂျင်မလုံလောက်မှုနှင့် အချိန်မှီမကုသနိုင်မှုများကြောင့် ကိုဗစ်လူနာများ သေဆုံးနေရဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကိုဗစ်ကူးဆက်ခံရမှုကြောင့် လက်ရှိအချိန်ထိ (၃၆) ဦး သေဆုံးသွားပြီဖြစ်ပြီး အောက်ဆီဂျင်မလုံလောက်မှုနှင့် အချိန်မှီမကုသနိုင်မှုများကြောင့် သေဆုံးမှုများရှိနေကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအများစုမှာ အောက်စီဂျင်လုံလောက်မှုမရှိခြင်းကြောင့် အများဆုံးသေဆုံးခဲ့ရပြီး လူငယ်ပိုင်းထက်အသက်ကြီးပိုင်းများဖြစ်နေကြောင်း သိရသည်။

"အောက်ဆီဂျင်မလောက်တာလည်းဖြစ်တယ်၊ ဒါပေမဲ့ တချို့တွေကလည်း အိမ်မှာနေတယ်၊ ရောဂါအခြေအနေဆိုးမှ ဆေးရုံတွေမှာသွားကြတယ်၊ အောက်ဆီဂျင်မလိုပဲနဲ့ တစ်ခြားကြောင့် သေတဲ့သူလည်းရှိတယ်၊ ရောဂါအခြေအနေဆိုးမှ ဝင်တာဆိုတော့ ကယ်ဖို့ အချိန်နောက်ကျသွားတာလည်းရှိတယ်၊ အဲဒီထဲမှာ အသက်ကြီးပိုင်းတွေက သေဆုံးတာများတယ်" ဟု Volunteer လုပ်ကိုင်နေသူ Biakhminga ကပြောသည်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအဖွဲ့၏ မှတ်တမ်းအရ ကလေးမြို့တွင် ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုမှာ လွန်ခဲ့သည့် ရက်ပေါင်း (၂၀) မှ စတင်စစ်ဆေးမှုများပြုလုပ်ပြီး ယနေ့အချိန်အထိ လူအယောက် (၃၆) ဦးအထိ သေဆုံးကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်မားခြင်းကြောင့် အောက်ဆီဂျင်ပျက်လပ်သည်အထိ ကြုံနေရပြီး လက်ရှိတွင် မန္တလေးမှ အနည်းငယ်ပြန်ဝင်လာမှုရှိသော်လည်း ယနေ့ထိ လုံလောက်မှုမရှိကြောင်း သိရသည်။

ထို့အပြင် ကလေးမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုယန္တရားများ ချို့ယွင်းလျက်ရှိပြီး အဓိက ပြည်သူလူထုအားကိုးသည့် ဆေးရုံအချို့ ဖွင့်လှစ်မှုမရှိခြင်း၊ ကိုဗစ်လူနာမျာအား ဆေးရုံ/စင်တာများမှ အကန့်အသတ်ဖြင့်သာလက်ခံခြင်းနှင့် ကိုဗစ်သံသယ (ဖျားနာခြင်း/အသက်ရှုမဝခြင်း) ရှိပါက အချို့ဆေးရုံများမှ လက်မခံခြင်းများကြောင့် အချိန်မီ (သို့) ဆေးကုသမှုခံယူနိုင်ခြင်းမရှိပဲ သေဆုံးမှုတိုးများလာခြင်းဖြစ်ကြောင်း သိရသည်။

 
 

 

 

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...