မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်နှင့် တောင်ကိုရီးယား ထပ်လောင်းအတည်ပြု

မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်နှင့် တောင်ကိုရီးယား ထပ်လောင်းအတည်ပြု

မြန်မာ့အရေး ကူညီဖြေရှင်းရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးအတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီး ချွန်းအွီယောင်တို့သည် ဇွန်လ ၁၂ ရက်က စက်မှုထိပ်သီး G 7 အုပ်စု ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး ကျင်းပနေသည့် ဗြိတိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာ့အရေးကိစ္စအပါအ၀င် ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဝေမှု ကိစ္စရပ်များနှင့်ပတ်သက်ပြီး တိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ထပ်လောင်းအတည်ပြုခဲ့ကြခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နိုင်ငံခြားရေး၀န်ကြီးများသည် ပြီးခဲ့သည့်လက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းတို့အကြား ထိပ်သီးတွေ့ဆုံမှုအတွင်း ဆွေးနွေးပြောဆိုထားခဲ့မှုများနှင့်ပတ်သက်ပြီး နောက်ဆက်တွဲဆက်လုပ်ရမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“နှစ်နိုင်ငံ နိုင်ငံခြားရေး၀န်ကြီးတွေဟာ ကာကွယ်ဆေး၊ နောက်ဆုံးပေါ်နည်းပညာတွေ၊ ထောက်ပံ့ရေးကွင်းဆက်၊ အဏုမြူစွမ်းအင် စတာတို့အပါအ၀င် နယ်ပယ်ဧရိယာအသီးသီးမှာ နောက်ဆက်တွဲ ဆက်လုပ်ရမယ့် အစီအမံတွေကို အတိအကျ အကောင်အထည်ဖော်ရင်းနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးရလဒ်ကို ဖြည့်ဆည်းပေးဖို့ သဘောတူခဲ့ကြပါတယ်” ဟု ‌တောင်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ဒါ့အပြင် ယခု G 7 ထိပ်သီးအစည်းအဝေးမှာ တောင်ကိုရီးယားနိုင်ငံ ပူးပေါင်းပါ၀င်ချိန်မှာလည်း ၀န်ကြီးတွေဟာ လက်ရှိ မြန်မာ့အရေးနဲ့ ကမ္ဘာတ၀န်း ကာကွယ်ဆေးဖြန့်ဝေမှုအပါအ၀င် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေနဲ့ပတ်သက်လို့လည်း တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်” ဟု ယင်းက ဖြည့်စွက်ဖော်ပြထားသည်။

 
 

 

 

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...