ချင်းပြည်နယ်အတွင်း တိုက်ပွဲများတွင် လက်ရှိချိန်ထိ စစ်ကောင်စီဖက်က ၁၆၅ ဦးသေဆုံးပြီး CDF မှ အယောက် ၃၀ ကျဆုံးခဲ့

ချင်းပြည်နယ်အတွင်း တိုက်ပွဲများတွင် လက်ရှိချိန်ထိ စစ်ကောင်စီဖက်က ၁၆၅ ဦးသေဆုံးပြီး CDF မှ အယောက် ၃၀ ကျဆုံးခဲ့

ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် Chinland Defense Force နှစ်ဘက်ကြား ဧပြီ ၂၄ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဇွန် ၁၀ ရက်အထိ စစ်ကောင်စီဖက်က ၁၆၅ ဦးသေဆုံးပြီး CDF ဖက်မှ အယောက် ၃၀ ကျဆုံးခဲ့ရကြောင်း CDF ၏ထုတ်ပြန်ချက်အရ သိရသည်။

 

CDF နှင့် စစ်ကောင်စီ နှစ်ဘက်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်မှ ၁၆၅ ဦး၊ CDF မှ အယောက် ၃၀ နှင့် သာမာန်အရပ်သားပြည်သူ ၉ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

 

ထို့ပြင် နှစ်ဘက်တိုက်ပွဲကြောင့် ဒဏ်ရာရသူစာရင်းမှာ စစ်ကောင်စီဘက်မှ ၁၂၃ ဦး၊ CDF ဘက်မှ ၄၅ ဦးနှင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း CDF ၏ ထုတ်ပြန်ချက်အရ သိရသည်။



 

ချင်းပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် CDF တို့မှာ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ တီးတိန်၊ ဟားခါး၊ ထန်တလန်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...