လွတ်လပ်စွာထုတ်ဖော်ပြောခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်များ ပျက်ပြားယုတ်လျော့စေရန် အားထုတ်ကြိုးပမ်းနေမှုအပေါ် ကုလသမဂ္ဂအဖွဲ့က စိုးရိမ်ဆဲ

လွတ်လပ်စွာထုတ်ဖော်ပြောခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်များ ပျက်ပြားယုတ်လျော့စေရန် အားထုတ်ကြိုးပမ်းနေမှုအပေါ် ကုလသမဂ္ဂအဖွဲ့က စိုးရိမ်ဆဲ

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစ၍ တပ်မတော်မှ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ စနစ်တကျချမှတ်ကာ လွတ်လပ်စွာထုတ်ဖော်ပြောခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်များ ပျက်ပြားယုတ်လျော့စေရန် ဆက်လက်အားထုတ်ကြိုးပမ်းနေမှုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အနေဖြင့် အလွန်စိုးရိမ်ဆဲဖြစ်ကြောင်း ပြောသည်။

သတင်းထောက်များအပါအဝင် ဥပဒေမဲ့ ဖမ်းဆီးထားသူများအားလုံးကို လွှတ်ပေးရန် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့မှ တပ်မတော်အား တောင်းဆိုပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ဒီမိုကရေစီ၏ အခြေခံဖြစ်ကာ ယင်းကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း အလေးထားပြောဆိုသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူမှ ဇွန်လ ၉ ရက်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် အနည်းဆုံး သတင်းထောက် ၉၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၅၆ ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ကုလ၏ထုတ်ပြန်ချက်ကဆိုသည်။

၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့က သတင်းထောက်တစ်ဦးကို အပြစ်ရှိသည်ဟုသတ်မှတ်ပြီး ထောင်သုံးနှစ်ချခဲ့သည့်အပြင် ၂၀၂၁ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင်လည်း သတင်းထောက်နှစ်ဦးအား ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းသမားများထဲမှ တရားစွဲဆိုခံထားရသူအများစုမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့်ဖြစ်ကာ အခြားသော ပုဒ်မ-၁၁၄၊ ပုဒ်မ-၁၁၈၊ ပုဒ်မ-၃၃၂၊ ပုဒ်မ-၄၃၆ တို့နှင့်လည်း တရားစွဲခံထားရကြောင်း နိုင်ငံတကာမြန်မာ့သတင်း (BNI Multimedia Group) မှ ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံထားရသည့် သတင်းသမားများမှာ သတင်းဌာနပေါင်း (၃၃) ခုမှဖြစ်ကာ ယင်းအထဲတွင် အမျိုးသားသတင်းထောက်များအပြင် အမျိုးသမီးသတင်းထောက်များလည်းပါဝင်ကြောင်း BNI က ဆိုထားသည်။

သတင်းထောက်များ အများဆုံးဖမ်းဆီးခံရသည်မှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှဖြစ်ပြီး ဟိုပုန်း၊ တောင်ကြီး၊ မုံရွာ၊ နေပြည်တော်၊ ပုသိမ်၊ ပြည်၊ ဟားခါး၊ မိတ္ထီလာ၊ မြိတ်၊ မင်းဘူး၊ ကျိုက်ထိုနှင့် မော်လမြိုင်တို့မှ သတင်းထောက်များလည်း ဖမ်းဆီးခံရကြောင်းသိရသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် DVB ၊ Mizzima ၊ Myanmar Now ၊ 7 days နှင့် ရန်ကုန် Khit Thit မီဒီယာတို့ကို ထုတ်ဝေခွင့်ရုပ်သိမ်းခဲ့သည်။

 
 

 

 

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...