သာကေတက တံတား ၂ နှစ်စင်းကို ပိတ်ဆို့ပြီး ၁ နာရီကျော်ကြာ စစ်ဆေးမှုတွေပြုလုပ်ခဲ့

သာကေတက တံတား ၂ နှစ်စင်းကို ပိတ်ဆို့ပြီး ၁ နာရီကျော်ကြာ စစ်ဆေးမှုတွေပြုလုပ်ခဲ့

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်က ဂျပန်တံတားနဲ့ ကမာကြည်တံတား နှစ်စင်းကို ဒီကနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက တစ်နာရီကျော်ကြာ ပိတ်ဆို့ပြီး လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတံတားနှစ်စင်းကို မနက် ၁၁ နာရီ ၆ မိနစ်လောက်ကနေ နေ့လည် ၁၂ နာရီကျော်အထိ အာဏာသိမ်းစစ်ကောင်စီတပ်တွေ နေရာယူပိတ်ဆို့ထားခဲ့တာဖြစ်ပြီး ကမာကြည်တံတား ရေကမ်းစပ်အနီးရှိ နေအိမ်တချို့ကိုလည်း ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သာကေတဒေသခံတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

“ပစ်ခတ်မှုတော့ မရှိပါဘူး။ ကမာကြည်တံတားအောက်က အိမ်ရာမှာ ဗိုလ်တွေ၊ ဗိုလ်မှူးတွေ နေတာရှိတယ်။ အဲဒါကြောင့် ဘာသတင်းရထားလို့လည်းမသိဘူး။ အဲလိုမျိုးပိတ်တာ။ အဲဒီရေစပ်အနီးအနားက နေတဲ့အိမ်တွေကို လိုက်စစ်တယ်။ နောက်ပြီး စစ်လှေသမားတွေကိုလည်း တားပြီးတော့စစ်တယ်။ ဘာသတင်းရလဲတော့ မသိဘူး” လို့ သာကေတမြို့ခံတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီတံတားနှစ်စင်းကို ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကာ ဘာကြောင့် တံတားနှစ်စင်းကို ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Photo: ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့က သာကေတ ကမာကြည်တံတားကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့နေထားတာ ဖြစ်ပါတယ်။

 
 

 

 

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...