ထန်တလန်ကျေးရွာတစ်ချို့တွင် ပစ်ခတ်မှုများရှိနေ

ထန်တလန်ကျေးရွာတစ်ချို့တွင် ပစ်ခတ်မှုများရှိနေ

ယနေ့ ဇွန်လ ၁၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှစပြီး ထန်တလန်မြို့နယ် Khua Hrin Tlang ဖက် အနီးကျေးရွာတစ်ချို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ CDF ထန်တလန်အဖွဲ့နှင့် ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့ ထန်တလန်မြို့နယ် ဆိုပွန်ရွာ‌ေဟာင်းသို့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့် ညနေအမှောင်စပြုချိန်တွင် ရောက်ရှိတပ်စွဲ‌ေကြာင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။

ဆိုပွမ်းရွာဟောင်းမှာ လူနေထိုင်မှုမရှိတော့သည့်နေရာဖြစ်ပြီး ယခုတွင် စစ်ကောင်စီစစ်တပ်မှ စခန်းချနေထိုင်ကြကြောင်းသိရပြီး ယနေ့တွင် စစ်ကောင်စီတပ်သား အယောက် ၅၀ ခန့် ခြေလျင်ဖြင့် ထန်တလန်ဖက်ကို ပြန်သွားကြကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

ချင်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) တို့နေထိုင်ရာ Camp Victoria နှင့် ယခု စစ်ကောင်စီတပ်သားများရောက်ရှိနေသောနေရာ ဆိုပွမ်းရွာမှာ ခန့်မှန်းခြေ မိုင် ၂၀ ခန့်ကွာဝေးသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...