ကလေးမြို့တွင် ၁ ရက်ကို ပျမ်းမျှလူ ၂၀ ဦးခန့်တွင် ကိုဗစ်ပိုးတွေ့ရဟုဆို

ကလေးမြို့တွင် ၁ ရက်ကို ပျမ်းမျှလူ ၂၀ ဦးခန့်တွင် ကိုဗစ်ပိုးတွေ့ရဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ် (၁၉) ဗိုင်းရပ်စ်စစ်ဆေးရာ ၁ ရက်ကို ပိုးတွေ့လူနာ ၂၀ ဦးခန့် နေ့စဥ်တွေ့ရဟု ကလေး Volunteer များထံက သိရသည်။

ဒေသခံ Volunteer တစ်ဦးက "အိတ်စွပ်စင်တာမှာ ပိုးတွေ့လူနာ ၁၅၀ လောက်ရှိတယ်။ သူတို့တွက် အခန်းတွေကိုလည်း သီးသန့်လုပ်ပေးတယ်။ သူတို့တွက် အောက်စီဂျင်ပေးရမယ်ဆို ပေးတယ်။ ကျန်တာတော့ သီးသန့်ခွဲပေးတဲ့သဘောပါဘဲ။ အခု ကိုဗစ်စင်တာဖွင့်တဲ့နေရာမှာ ကိုယ့်ဟာကို သံသယဖြစ်လို့ လာစစ်တဲ့သူ တစ်ရက်ကို လူ ၅၀ လောက်စစ်ဆေးတယ်။ ၂၀ လောက်က ပိုးတွေ့ရတယ်" ဟု ပြောသည်။

လက်ရှိ ကလေးမြို့နယ်အတွင်း ဖျားနာသူအများပြားရှိနေပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာအများစုမှာလည်း မြို့နယ်အတွင်းကသူများဖြစ်ကြောင်းလည်း သိရသည်။

ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ကွာရတင်းစင်တာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်အရ ၁၀ ရက်ထားရှိပြီး နေအိမ်ပြန်လွှတ်ကြောင်းလည်း သိရသည်။

ဒေသခံ Volunteer တစ်ဦးက "တချို့ဆိုရင် ဖျားနာပြီး တစ်ပတ်အကြာမှ ကျနော်တို့ဆီရောက်လာတယ်။ အဲချိန်မှာ ပိုးက မတွေ့ရတော့ဘူး။ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်ရ ၁ဝ ရက်ထားပြီးရင်တော့ ပိုးရှိသူက တခြားသူကို မကူးဆက်နိုင်တော့ဘူးလို့ သိရတယ်။ ကူးဆက်ခံရခြင်း ပိုးက လည်ချောင်းနဲ့အဆုတ်မှာ ပိုးကိုတွေ့ရတယ်။ အဲဒီချိန်မှာ တခြားလူကို ကူးဆက်တယ်လို့သိရတယ်။ ၁၁ ရက်ပြည့်ရင်တော့ အစာအိမ်ကိုရောက်ပြီး ပိုးလက္ခနာလည်းမပြတော့ဘူး။ တခြားသူကိုလည်း ကူးဆက်တာမရှိတော့လို့ လူနာကို ပြန်လွှတ်ပေးတယ်" ဟု ပြောသည်။

လက်ရှိကိုဗစ်စင်တာကို ပရဟိတစိတ်ဝင်စားသည့် မြို့ပေါ်လူငယ်များက စုပေါင်းလုပ်ကိုင်နေကြပြီး အခက်ခဲများစွာရင်ဆိုင်ရကြောင်းလည်း ဒေသခံ Volunteer များထံက သိရသည်။

"ဒီကာလမှာ လုပ်ရကိုင်ရပိုင်းလည်း အခက်ခဲဖြစ်တယ်။ ဆရာဝန်၊ သူနာပြုတွေ မလုံလောက်ဘူး။ မြို့မှာရှိတဲ့ ပရဟိတစိတ်ဝင်စားတဲ့ လူငယ်တွေက လုပ်ကြရတာဖြစ်တဲ့တွက် အများကြီးတော့ အခက်ခဲရှိတယ်။ အနံ့ပျောက်တဲ့လူတွေကိုလည်းခေါ်ပြီး ကွာရတင်းစင်တာမှာ ထားနိုင်ခြင်းမရှိဘူးပေါ့။ အိမ်မှာဘဲခွဲနေဖို့ လမ်းညွှန်ပေးနိုင်တဲ့ အဆင့်ဘဲရှိတယ်" ဟု ကလေး Volunteer တစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် လိုအပ်သည့် အောက်စီဂျင်များကို မြို့နေပြည်သူများက လှူတန်းကြပြီး လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် အားနည်းမှုရှိကြောင်း ဒေသခံများထံက သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက "ကျနော်တို့ရပ်ကွက်မှာလည်း မနေ့ညနေက ကိုဗစ်-၁၉ ကြောင့် တစ်ဦးသေသွားတယ်။ အရင်လို ထိန်းချုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစုကလည်း နားသွားကြပြီဆိုတော့ အခုက ကိုယ့်အသိတရားနဲ့ နေထိုင်ကြဖို့လိုအပ်တယ်" ဟု ပြောသည်။

Stay at Home ကြေညာထားသည့် ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၅၀ ခန့်ရှိပြီး လက်ရှိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၈ ဦးခန့်ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...