ပလက်ဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ၇ ဦးတွေ့ရှိ

ပလက်ဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ၇ ဦးတွေ့ရှိ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့က ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ ၇ ဦးတွေ့ရှိကြောင်း သိရသည်။

ပလက်ဝဒေသခံတစ်ဦးက “မနေ့ည ပိုးတွေ့တာ ၇ ဦးရှိတယ်၊ သူတို့က ပလက်ဝမြို့နယ် မြိတ်ဝရွာကပါ၊ ပြည်သူတစ်ဦးကို ဆေးခန်းလာပို့တာ သူ့မှာပိုးတွေ့လို့ သူနဲ့ထိစပ်သူတွေကိုလည်း ဆေးစစ်တော့ အကုန်လုံးပိုးတွေ့တာ၊ ဆေးရုံက နိုက်တင်ဂေးခန်းမမှာ ၇ ယောက်စလုံး သူ့အခန်းနဲ့အတူထားတယ်၊ စိုးရိမ်ရတာက ဆေးခန်းလာပြတဲ့သူက နည်းနည်းအသက်ရှုကြပ်တာတို့ရှိတယ်၊ တခြား ၆ ယောက်ကတော့ ကောင်းတယ်” ဟု ပြောသည်။

မြိတ်ဝကျေးရွာသည် အိန္ဒိယနှင့်နီးစပ်သော ကျေးရွာတစ်ရွာဖြစ်သည်။

ပလက်ဝမြို့နယ်၊ မြိတ်ဝကျးရွာကနေ ဆေးခန်းလာပြသူထံတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းကြောင့် ပလက်ဝမြို့ပေါ်တွင် စာသင်ကျောင်းများ၊ စျေးများ၊ အများနှင့်သက်ဆိုင်ရာ နေရာများကိုလည်း ပိတ်ထားရကြောင်းလည်း သိရသည်။

April 4, 2026
စစ်တပ်လွှတ်တော်မှတစ်ဆင့် သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို...
April 3, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ)တွင် အခြေ စိုက် လှုပ်ရှားနေသော...
April 2, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ...
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင်...