စစ်တွေတွင် ကိုဗစ်အတည်ပြုလူနာသစ် (၉) ဦး ထပ်တိုး

စစ်တွေတွင် ကိုဗစ်အတည်ပြုလူနာသစ် (၉) ဦး ထပ်တိုး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ယနေ့ ဇွန်လ ၈ ရက်နေ့၌ လူပေါင်း (၃၉) ဦးကို ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခဲ့ရာ (၉) ဦး၌ ရောဂါပိုးတွေ့ရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အတည်ပြုပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်ပြီး မောင်တောသို့ ဝငေ်ရာက်လာသူ ၃၉ ဦးအား ယနေ့တွင် ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ ၉ ဦး၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“(၉) ယောက် (Positive) အဖြစ် တွေ့ပါတယ်။ သူတို့ကျန်းမာရေးအခြေအနေတွေ အကုန်ကောင်းပါတယ်။ သူတို့ကို စစ်တွေဆေးရုံက ကိုဗစ်လူနာတွေကုသဆောင်မှာ သီးသန့်ခွဲထားပါတယ်” ဟု နိရဥ္စရာကို ပြောသည်။

အဆိုပါ ၉ ဦးတွင် အသက် (၂၀) မှ (၅၀) ကျော် စသည်ဖြင့် အသက်အရွယ်အမျိုးမျိုးပါဝင်ပြီး သူတို့အားလုံးမှာ အမျိုးသားများဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်း ကိုဗစ်-၁၉ တတိယလှိုင်းသည် မောင်တောနယ်စပ်ကုန်သွယ်ရေးမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မေလမှစတင်ကာ စစ်တွေဆေးရုံတွင် ကိုဗစ်ပိုးတွေ့ရှိသူ (၁၆) ဦးအထိရှိခဲ့သည်။

ယင်းအနက် ၁၃ ဦးမှာ ရောဂါပြန်လည်ကောင်းမွန်လာ၍ ဇွန်လ ၅ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။

လက်ရှိတွင် စစ်တွေဆေးရုံ၌ ယခင်လူနာ ၃ ဦးနှင့် ယနေ့လူနာ ၉ ဦး၊ စုစုပေါင်း ၁၂ ဦး ရှိနေသေးကြောင်း သိရသည်။

တရားဝင် နယ်စပ်ကုန်သွယ်ရေးမှ လာသူများကို ကိုဗစ်ပိုးစစ်ဆေးပေးမှုများ လုပ်နိုင်သော်လည်း တရားမဝင် နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်မှုများလည်းရှိသည့်အတွက် ရောဂါပိုးကူးစပ်မှုနှင့်ဆက်စပ်ပြီး စောင့်ကြည့်နေရကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ဒုတိယလှိုင်းကူးစက်မှု ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသူ (၃၇) ဦးနှင့် ကူးစက်ခံရသူ (၄၂၆၄) ဦးရှိခဲ့ကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစိးဌာန၏ စာရင်းအရ သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...