မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၈ ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရ အမျိုးသမီးတစ်ဦးသေဆုံး

မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၈ ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရ အမျိုးသမီးတစ်ဦးသေဆုံး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်တွင် ယက္ကန်းယက်ရန်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၈ ဦးသည် ကိုဗစ်ပိုးကူးစက်ခံထားရပြီး ၎င်းတို့အနက် ရွှေဘိုမြို့နယ်မှ အသက် ၄၀ ကျော်အရွယ်အမျိူးသမီးတစ်ဦး ဇွန်လ ၆ ရက်နေ့တွင်သေဆုံးသွားကြောင်းသိရသည်။

ယခုကိုဗစ်ပိုးကူးစက်ခံထားသူများအပါအဝင် မြန်မာနိုင်ငံသား အယောက် ၃၀ ခန့်တို့သည် လွန်ခဲ့သည့် ၃ လခန့်ကတည်းက မဏိပူရ်ပြည်နယ် Curachandpur မြို့တွင် ယက္ကန်းလုပ်ငန်းလုပ်ကိုင်ရန် သွားရောက်ကြရာတွင် အဖမ်းဆီးခံခဲ့ရသူများဖြစ်ကြသည်ဟု ယက္ကန်းသမားတစ်ဦးက ပြောပါသည်။

“ဖမ်းဆီးချုပ်နှောင်ခံထားသူ အယောက် ၃၀ ရှိတယ်။ ၈ ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံရတယ်။ ကူးစက်ခံရတဲ့အထဲမှာ အမျိုးသမီးတဦး ဒီကနေပဲဆုံးသွားတယ်။ သူတို့က ဒီပြည်နယ်မှာ ယက္ကန်းလုပ်ငန်းကိုလုပ်ကိုင်ဖို့ လာကြတာဖြစ်တယ်။ မြန်မာနိုင်ငံ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ဘေးရှောင် CDM တွေ ဒီဘက်ကို အများကြီးထွက်ပြေးလာကြတယ်။ အဲဒါကို အိန္ဒိယဗဟိုအစိုးရက ဖမ်းဆီးပြီးပြန်ပို့ဖို့ အမိန့်ပေးခဲ့စဉ်က ဖမ်းဆီးတဲ့အထဲ ပါသွားတဲ့သူတွေဖြစ်တယ်။ Foreigner case အမှုဖွင့်ထားတယ်ကြားတယ်။ ကိုဗစ်ကြောင့် အမှုက စစ်ဆေးလို့မရသေးဘူး၊ ဒါကြောင့် ကြန့်ကြာနေရခြင်းဖြစ်တယ်” ဟု  ယက္ကန်းသမားတစ်ဦးက ပြောပါသည်။

ယခုကိုဗစ်ရောဂါပိုး ကူးစက်ခံနေရသူများအနက် တစ်ဦးမှာလည်း အခြေအနေစိုးရိမ်နေရကြောင်း သိရသည်။

“အဖမ်းခံရတဲ့သူတွေကို အချုပ်ခန်းနှင့်ထောင်မှာမထားဘူး။ အိမ်တစ်လုံးမှာ ထားထားတယ်။ အပြင်ကနေသူတို့ကို ထမင်းဟင်းတွေ သွားသွားပေးရတယ်။ ဒါကြောင့် အပြင်ကနေဘဲ ကူးစက်တာဖြစ်မယ်။ အခု ကိုဗစ်ရောဂါပိုးရှိတဲ့ ၇ ယောက်ကို ဆေးရုံမှာ ကုသနေတယ်။ တယောက်ကတော့ အဆုပ်ရောဂါအခံရှိထားတော့ အခြေအနေ နည်းနည်းစိုးရိမ်ရတယ်” ဟု ၎င်းကဆက်ပြောသည်။

မဏီပူပြည်နယ်သည် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတစ်ခုဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းယူလိုက်ပြီးနောက် မြန်မာစစ်ဘေးရှောင်များ ထွက်ပြေးခိုလှုံနေကြသော ပြည်နယ်တစ်ခုဖြစ်သည်။

လက်ရှိတွင် မြန်မာပြည်သား ယက္ကန်းအလုပ်သမား အယောက် ၂၀၀ ကျော်ရှိသည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...