ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီနှင့် BGF တို့ ထပ်မံအင်အားဖြည့်လာ၍ တိုက်ပွဲဖြစ်လာမည်ကို ရွာသားများစိုးရိမ်

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီနှင့် BGF တို့ ထပ်မံအင်အားဖြည့်လာ၍ တိုက်ပွဲဖြစ်လာမည်ကို ရွာသားများစိုးရိမ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ် တံခွန်တိုင်ရဲစခန်းတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ယနေ့ဇွန် ၄ ရက် နေ့လည် ၁၂ နာရီအချိန်တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ၎င်းတို့တပ်အင်အား အများအပြား ထပ်မံဖြည့်လာသည့်အတွက် ဒေသအတွင်း တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

ပတ်ခတ်မှုဖြစ်ပြီးနောက် ညနေ ၃ နာရီအချိန်တွင် BGF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ပူးပေါင်းကာ ခလယ်-တံခွန်တိုင်ရွာ ရဲစခန်းတွင် ကားအစီးရေ ၃၀ နီးပါး အင်အားအလုံးအရင်း ထပ်မံတက်ရောက်ရှိလာသည့်အတွက် ပတ်ခတ်မှုထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ကြသဖြင့် ရွာသားများမှာ ဘေးလွတ်ရာသို့ ပုန်းရှောင်နေကြရသလို စျေးဆိုင်များနှင့် လုပ်ငန်းများလည်း ပိတ်သိမ်းထားလိုက်ရပြီးဟု ခလယ်-တံခွန်တိုင်ဒေသခံများက ပြောသည်။

“၃ နာရီအချိန်လောက်မှာ အိမ်စီးကား ၃ဝ နီးပါးရှိမယ်။ BGF ရော၊ စစ်တပ်ရော ပေါင်းပြီး တံခွန်တိုင်ရဲစခန်းမှာ အင်အားအလုံးအရင်းနဲ့ တက်လာနေကြတယ်။ စစ်ပွဲမဖြစ်ချင်တော့ဘူးဗျာ။ အခုစျေးဆိုင်တွေ ပိတ်ထားလိုက်ရပြီး။ ဘယ်မှာပြေးရမလဲ မသိတော့ဘူး။ အားလုံးက စိုးရိမ်နေကြတယ်” ဟု တံခွန်တိုင်ရွာ‌ ဒေသခံတစ်ဦးက ယနေ့ဇွန် ၄ ရက် ကေအိုင်စီသို့ပြောသည်။

တံခွန်တိုင်ရွာရှိ ရဲစခန်းအနီးတစ်ဝိုက်တွင် ယနေ့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးမှုရှိပြီး နှစ်ဖက်ထိခိုက်မှုအခြေအနေ မသိရှိရသေးသော်လည်း လက်ရှိ စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် ထပ်ဖြည့်လာသည့်အတွက် စစ်ရေးတင်းမာမှုအခြေအနေ ကြီးထွားလာနိုင်သည်ဟု ဒေသခံများထံမှ သိရသည်။

May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...