တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၃၃ ဦးထပ်မံတွေ့ရှိ

တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၃၃ ဦးထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ရှိ ဆေးရုံများ၌ ယနေ့ဇွန်လ ၂ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ဒေသခံပြည်သူ ၉၈ ဦးစစ်ဆေးရာ ၃၃ ဦးထံ ကူးဗစ်ပိုး ထပ်မံတွေ့ရှိသည်ဟု သိရသည်။

တွန်းဇံမြိုဆေးရုံတွင် ယနေ့ဇွန်လ ၂ ရက်နေ့၌ ကိုဗစ်ပိုးရှိမရှိစစ်ဆေးခံရသူ (၄၇) ဦးမှာ Positive (၂၁) ဦး ထပ်မံတွေ့ရှိပြီး ကျီခါးမြို့တိုက်နယ်ဆေးရုံမှာလည်း စစ်ဆေးမှုခံယူသူ (၅၁) ဦးမှာ Positive (၁၂) ဦး ထပ်မံတွေ့ရှိခြင်းဖြစ်သည်။

လက်ရှိတွင် အောက်ဆီဂျင်ပေးရန် မလိုအပ်သေးသူများကို ယခင်ကွာရန်တင်း center တွင် ကုသမှုပေးနေရပြီး တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်ကပြောသည်။

"အောက်ဆီဂျင်ပေးရတဲ့ အဆင့်ထိမရောက်တဲ့သူတွေတော့ အရင်ကွာရန်တင်း center မှာပဲထားလိုက်တယ်၊ ပြီးတော့ အသက်ရှုကျပ်တဲ့သူတွေတော့ ဆေးရုံခေါ်ပြီးတော့ အောက်ဆီဂျင်ပေးကုသရတယ်၊ ပျောက်ကင်းသွားတဲ့သူတော့ မရှိသေးဘူး၊ ရက်ကလည်းမပြည့်သေးတော့ မနက်ဖြန်လောက်ဆိုရင်တော့ ၂ ယောက် ၃ ယောက်လောက်တော့ ထွက်မယ့်အခြေအနေရှိတဲ့သူတော့ရှိတယ်၊ ဆုံးသွားတဲ့လူတော့ (၂) ယောက်ရှိတယ် ကျီခါးမှာ" ဟု ဒေါက်တာထန်ရှန်က ပြောသည်။

တွန်းဇံမြို့တွင် လက်ရှိ အောက်ဆီဂျင်ပေးနေရသည့် ပိုးတွေ့လူနာ ၇ ဦးရှိကာ ကျီခါးမြို့တွင်လည်း ၁၀ ဦး အောက်ဆီဂျင်ပေးနေရပြီး ယင်းအနက် ၃ ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဒေါက်တာထန်ရှန်ထံမှ သိရသည်။

တွန်းဇံမြို့နယ်တွင် လက်ရှိ ကိုဗစ် Positive တွေ့ရှိလူနာ စုစုပေါင်း ၁၆၇ ရှိကာ တွန်းဇံမြို့တွင် ၈၃ ဦး၊ ကျီခါးမြို့တွင် ၈၄ ရှိပြီး ၂ ဦးသေဆုံးမှုရှိသွားပြီဖြစ်သည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...