ဖလမ်းမြို့တွင် ကိုဗစ်ရောဂါဖြင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ ပိုးတွေ့လူနာ ၄ ဦးထပ်တွေ့

ဖလမ်းမြို့တွင် ကိုဗစ်ရောဂါဖြင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ ပိုးတွေ့လူနာ ၄ ဦးထပ်တွေ့

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဇွန်လ ၂ ရက်နေ့ (၁၂း၃၀) အချိန်တွင် ကိုဗစ်ရောဂါဖြင့် အသက် ၅၀ အရွယ် အမျိုးသမီးသေဆုံးသွားပြီး ယနေ့တွင်လည်း ကိုဗစ်ပိုးတွေ့လူနာ ၄ ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

“အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်တယ်၊ ဒီနေ့ နေ့လည် ၁၂ ခွဲကျော်ကျော်မှာ မနေ့က ၄ ယောက်တွေ့ထားတဲ့ထဲမှာ ၂ ယောက်ကနည်းနည်းစိုးရိမ်ရတဲ့သူထဲက တယောက်ဆုံးသွားတာ၊ သူက ကိုဗစ်ရောဂါကြောင့်ပဲဆုံးသွားတာ ခုနပဲ ဆေးရုံကနေ အိမ်ကိုမပြန်တော့ပဲနဲ့ သချိုင်းမှာ တိုက်ရိုက်သဂြိုလ်လိုက်တယ်” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

ဖလမ်းမြို့တွင် ကိုဗစ်လူနာတွေ့ရှိမှု မြင့်တက်လာသည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ပဲ အိမ်ပြင်မထွက်ကြရန်နှင့် မဖြစ်မနေ အပြင်သွားလာမည်ဆိုပါက Mask တပ်ရန်၊ စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့် ပြန်လည်ရောင်းချရန်၊ စည်ပင်သာယာရေးစျေးများကိုလည်း အချိန်ကန့်သတ်ချက်ဖြင့်ဖွင့်ရန် စသည့်ဖြင့် ပြန်လည်လုပ်ဆောင်ရန် လိုအပ်လာပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ချင်းပြည်နယ်၊ ကျီးခါးမြို့တွင်လည်း ကိုဗစ်-၁၉ ရောဂါ တိုးများလာသောကြောင့် ZYA- Cikha ဦးဆောင်မှုဖြင့် ယနေ့ ဇွန်လ ၂ ရက်နေ့ကစပြီး ဇွန်လ ၁၂ ရက်နေ့အထိ ၁၀ ရက်အကြာ Lockdown အဖြစ် သတ်မှတ်လိုက်သည်ဟု သိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...