ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ဆရာဝန်နှင့် စစ်သူနာပြုတို့မှ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးဟုဆို

ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ဆရာဝန်နှင့် စစ်သူနာပြုတို့မှ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးဟုဆို

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ ဇမိခန်းမတွင် မေလ ၃၁ ရက်နေ့က စစ်ဆရာဝန်နှင့် စစ်သူနာပြုတို့မှ ပြည်သူများအား ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံပေးမှု ပြုလုပ်သွားကြောင်း မြို့နယ်ပြန်ကြားရေးဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းမျဉ်းလမ်းညွှန်မှုနှင့်အညီ ရဟန်းသံဃာတော်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မြို့ခံလူထုများကို မြို့နယ်တပ်ရင်းတပ်ဖွဲ့များရှိ စစ်ဆရာဝန် စစ်သူနာပြုများမှ ကိုဗစ်ကာကွယ်ဆေးများ ဒုတိယအကြိမ်အနေဖြင့် ထိုးနှံပေးလျက်ရှိသည်ဟု ၎င်းတို့ဖော်ပြချက်အရ သိရသည်။

“ပထမတစ်ခါတော့ ထိုးခဲ့ရတယ်။ ဒုတိယတစ်ခေါက်ထိုးနှံဖို့က စစ်တပ်ကအာဏာသိမ်းလိုက်တော့ မထိုးဖြစ်တော့ဘူးပေါ့နော်။ ဆေးကို ယုံကြည်တယ်ဆိုပေမယ့် သူတို့ကိုတော့ ကျနော်တို့ ယုံကြည်မှုမရှိဘူး။ ပူးပေါင်းလိုက်နာဆောင်ရွက်သွားမှာမဟုတ်ဘူး။ သူတို့ပေးတဲ့ ကိုဗစ်လက်ဆောင်ထက် သူတို့အာဏာသိမ်းလိုက်မှ အသက်လုံခြုံမှု စားဝတ်နေရေးကအစ အကုန်ဒုက္ခရောက်ကုန်တယ်” ဟု အမည်မဖော်လိုသူ CDM (အာဏာဖီ ဆန်ရေးလှုပ်ရှားမှု) ဝင်ထားသည့် မြို့နယ်သူနာပြုဝန်ထမ်းတစ်ဦးက ယနေ့ ဇွန်လ ၂ ရက် ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီဥက္ကဌ၏ စီမံမှုဖြင့် မေလ ၃၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ရဟန်းသံဃာတော်များ နိုင်ငံ့ဝန်ထမ်းများနှင့် မြို့ခံလူထုများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသော်လည်း CDM ဝင်ထားသည့် ကျန်းမာရေးဝန်ထမ်းအများစုမှာ စစ်ကောင်စီတို့၏ လုပ်ဆောင်ချက်များကို ပေါင်းဆောင်ရွက်မည်မဟုတ်ဟု ဝန်ထမ်းများထံမှ သိရသည်။

May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...