စစ်ကောင်စီနှင့်မပူးပေါင်းရန် မွန်ပြည်သစ်ပါတီကို ကျောင်းသားသမဂ္ဂများ တောင်းဆို

စစ်ကောင်စီနှင့်မပူးပေါင်းရန် မွန်ပြည်သစ်ပါတီကို ကျောင်းသားသမဂ္ဂများ တောင်းဆို

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် မွန်ပြည်နယ်အတွင်းရှိ ကျောင်းသားသမဂ္ဂ (၁၂) ခုက မွန်ပြည်သစ်ပါတီ (NMSP) ထံ တောင်းဆိုချက် (၅) ချက်ဖြင့် အိတ်ဖွင့်ပေးစာတစောင်ကို ဇွန်လ ၁ ရက် ရက်စွဲဖြင့် ပေးပို့ထားသည်။

လက်ရှိအချိန်တွင် ပြည်သူလူထုအား နေ့စဉ်ဖမ်းဆီးသတ်ဖြတ်နေသော အာဏာသိမ်းစစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန်နှင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း နိုင်ငံအဝှမ်းသို့လည်းကောင်း၊ နိုင်ငံတကာသို့လည်းကောင်း အတိအလင်း သဘောထားထုတ်ပြန်ကြေညာပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

ထို့အပြင် မွန်ပြည်သစ်ပါတီ (NMSP) ၏ ရှေ့ဆင့်ရပ်တည်ချက် နိုင်ငံရေးလမ်းပြမြေပုံများကို ပြည်သူလူထုထံ ထုတ်ပြန်ပေးရန်နှင့် ပြည်သူလူထုနှင့်အတူ အာဏာရှင်စနစ်ကျဆုံးရေး တိုက်ပွဲဝင်နေသူများကို စွမ်းစွမ်းတမံ ကာကွယ်ကူညီပေးရန် တောင်းဆိုထားသည်။

“ဖက်ဒရယ်ပြည်ထောင်စုသို့ ချီတက်လျှောက်လှမ်းရာတွင် ပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီး၏ အကျိုးစီးပွားကို အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ရန်” စသည့်အချက်များ ပါရှိသည်။

မွန်ပြည်သစ်ပါတီ (NMSP) ထံ မိမိတို့ ကျောင်းသားသမဂ္ဂများ၏ တောင်းဆိုချက်များကို အလေ့အနက်ထား ထည့်သွင်းစဉ်းစားမည်ဟု ယုံကြည်ကြောင်းနှင့် ၎င်းတို့အနေဖြင့်လည်း တော်လှန်ရေးအောင်မြင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြည်သူ့ဘက်ရည်တည်သော အဖွဲ့အစည်းမှန်သမျှကို မိမိတို့အနေဖြင့် ထောက်ခံအားပေးသွားမည်ဟု ကတိပြုထားသည်။

သို့ရာတွင် မွန်ပြည်သစ်ပါတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် မွန်ဝန်ကြီးများပါဝင်နေမှုအပေါ် ကန့်ကွက်စရာမရှိသလို တဖက်တွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသဖြင့် စောင့်စည်းစရာများရှိနေကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက Online စကားဝိုင်းအစီအစဉ်တစ်ခုတွင် မွန်ဘာသာဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...