ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (kalay) မှ စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဖြစ်၍ စစ်ကောင်စီဖွဲ့အနီးနား မနေရန် သတိပေးထုတ်ပြန်ထားကြောင်း သိရ

ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (kalay) မှ စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဖြစ်၍ စစ်ကောင်စီဖွဲ့အနီးနား မနေရန် သတိပေးထုတ်ပြန်ထားကြောင်း သိရ

ကလေးမြို့ပြည်သူများအပေါ် အကြမ်းဖက်မှု ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီအဖွဲ့ဝင်များကို PDF (Kalay) မှ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မည်ဖြစ်၍ စစ်ကောင်စီဖွဲ့များ နေရာယူထားသည့်နေရာတွင် ဝင်/ထွက်သွားလာခြင်း လုံးဝမပြုလုပ်ရန်  မေလ ၃၁ ရက်နေ့က PDF (Kalay) က ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် မေလ ၃၁ ရက်နေ့ ယမန်နေ့က နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်အင်အား ၅၀ - ၁၀၀ ခန့်သည် ကလေးမြို့နယ်တောင်ပိုင်းရှိ သာစည်ကျေးရွာသို့ ဝင်ရောက်စီးနင်း၍ ကျေးရွာ‌နေပြည်သူများအား အကြမ်းဖက်ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်အတွင်း ပြည်သူ ၈ ဦးခန့် မတရားဖမ်းဆီးခံခဲ့ရပြီး ကျေးရွာပြည်သူတို့၏ ပိုက်ဆံစုစုပေါင်း သိန်း ၅၀ ခန့် လုယက်ခံခဲ့ရကြောင်း သိရသည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်လက်ပြီး စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ကို တုန့်ပြန်သည့်အနေဖြင့် တပ်ပေါင်းစု PDF (Kalay) တပ်ဖွဲ့ဝင်များသည် သာစည်ရွာအတွင်း ဝင်‌ရောက်တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ဝင်များအား နံနက် ၉ နာရီအချိန်ခန့်မှစတင်၍ ပိတ်ဆို့ပစ်ခတ်ခဲ့ရာ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး PDF (Kalay) ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည် (မစိုးရိမ်ရပါ) ဟုထုတ်ပြန်ထားသည်။

PDF (Kalay) အဖွဲ့ဝင်များကို ကလေးမြို့ပြည်သူများအနေဖြင့် ဝန်းရံပူးပေါင်းကူညီပေးကြပါရန်နှင့် ဤကာလအတောအတွင်း၌ စစ်ကောင်စီအဖွဲ့ဝင်များ နေရာယူထားသည့် ရုံး၊ စခန်း၊ ကျောင်း၊ အဆောက်အဦးများ အနီးဝန်းကျင်သို့ ဝင်/ထွက်သွားလာခြင်းများ လုံးဝမပြုလုပ်ကြပါရန် ကလေးမြို့နယ်ရှိ ပြည်သူများကို မေတ္တာရပ်ခံလိုက်ပါကြောင်း PDF (kalay) က ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...