ကလေးမြို့နယ် သာစည်ရွာတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ

ကလေးမြို့နယ် သာစည်ရွာတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ kalay-PDF တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရပါသည်။

ဒေသခံတစ်ဦးက "မနက် ၈ ခွဲလောက်ကစပြီး ရွာထဲမှာ ပစ်ခတ်တာတွေစဖြစ်တယ် အခုထိဘဲပစ်ကြတယ် စစ်ကောင်စီဖက်က လက်နတ်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်တာတွေရှိတယ် ရွာကလူတွေလည်း ထွက်ပြေးတိန်းရှောင်ကြတယ် ထိခိုက်ဒဏ်ရာရရှိသူ ဘယ်နှဦးရှိတယ်လို့တော့ မသိရသေးဘူး" ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် သာစည်ကျေးရွာနေ ပြည်သူအချို့ ထွတ်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

လက်ရှိ သာစည်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်ခန့် နေရာယူထားပြီး တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း သိရှိရပါသည်။

ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kalay-PDF နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲအပြင်းထန် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုများရှိကြောင်းလည်း သိရှိရပါသည်။

တော်လှန်ရေးစတင်ခဲ့သည့် ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့လက်ချက်ဖြင့် သေဆုံးရသူ ၃၀ ကျော်သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိခဲ့ကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...