ကလေးမြို့နယ် သာစည်ရွာတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ

ကလေးမြို့နယ် သာစည်ရွာတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ kalay-PDF တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရပါသည်။

ဒေသခံတစ်ဦးက "မနက် ၈ ခွဲလောက်ကစပြီး ရွာထဲမှာ ပစ်ခတ်တာတွေစဖြစ်တယ် အခုထိဘဲပစ်ကြတယ် စစ်ကောင်စီဖက်က လက်နတ်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်တာတွေရှိတယ် ရွာကလူတွေလည်း ထွက်ပြေးတိန်းရှောင်ကြတယ် ထိခိုက်ဒဏ်ရာရရှိသူ ဘယ်နှဦးရှိတယ်လို့တော့ မသိရသေးဘူး" ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် သာစည်ကျေးရွာနေ ပြည်သူအချို့ ထွတ်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

လက်ရှိ သာစည်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်ခန့် နေရာယူထားပြီး တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း သိရှိရပါသည်။

ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kalay-PDF နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲအပြင်းထန် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုများရှိကြောင်းလည်း သိရှိရပါသည်။

တော်လှန်ရေးစတင်ခဲ့သည့် ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့လက်ချက်ဖြင့် သေဆုံးရသူ ၃၀ ကျော်သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိခဲ့ကြောင်း သိရသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...