ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု တိုးလာနေ

ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု တိုးလာနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းရှိ မြန်မာနိုင်ငံမှထွက်ပြေးလာကြသည့် မူဆလင်ဒုက္ခသည်များနေထိုင်ရာ စခန်းများတွင် ကိုဗစ်-၁၉  ဖြစ်ပွားမှု တိုးလာနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ တနင်္လာနေ့က ကော့စ်ဘဇားခရိုင်တွင် လူပေါင်း ၁၁၆ ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး ထိုအထဲတွင် မြန်မာပြည်မှ မူဆလင်ဒုက္ခသည် ၄၀ ဦး ပါဝင်သည်ဟု ဘင်္ဂလီဘာသာဖြင့်ရေးသားသည့် Ukhiya News တွင် သတင်းဖော်ပြသည်။

မေ ၂၄ ရက် (တနင်္လာနေ့) က ကော့စ်ဘဇားခရိုင်တွင် လူပေါင်း ၇၅၄ ဦးအား စစ်ဆေးခဲ့ရာလူပေါင်း ၁၁၆ ဦးမှာ Positive ဖြစ်ပြီး လူပေါင်း ၆၃၈ ဦးမှာ Negative ဖြစ်ကြောင်း ကော့စ်ဘဇားဆေးကောလိပ် ဒု-ပါမောက္ခ Mohammad Shahjahan Nazir က အတည်ပြုပြောကြားသည်ဟု ဆိုသည်။

မေ ၂၄ ရက်နေ့အထိ ကော့စ်ဘဇားခရိုင်တစ်ခုတည်းတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၉၇၃၂ ဦးရှိပြီး သေဆုံးသူမှာ ၁၀၇ ဦးရှိကြောင်း၊ သေဆုံးသူ ၁၀၇ ဦးအထဲတွင် မြန်မာမှ မူဆလင်ဒုက္ခသည် ၁၃ ဦး ပါဝင်သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

မေ ၂၃ ရက်နေ့ကလည်း ကော့စ်ဘဇားခရိုင်တွင် လူပေါင်း ၉၉ ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး ထိုအထဲမှ ၄၉ ဦးမှာ မြန်မာနိုင်ငံမှ မူဆလင် ဒုက္ခသည်များဖြစ်ကြောင်း ၎င်း Ukhiya News တွင် မေ ၂၄ ရက်နေ့က သတင်းဖော်ပြထားသည်။

ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ်နှင့် တက်ကနက်မြို့နယ်တွင် မြန်မာမှ မူဆလင်ဒုက္ခသည်စခန်း ၃၄ ခုရှိပြီး ထိုအထဲမှ ကိုဗစ်-၁၉ ပိုး အများဆုံးတွေ့ရှိသည့် စခန်း ၅ ကို ပထမဆုံး ၁၂ ရက်ကြာ လော့ဒေါင်းချထားသည်ဟု သိရသည်။

မေ ၂၁ ရက်နေ့ထိ မူဆလင်ဒုက္ခသည်စခန်း ၃၄ ခုမှ ဒုက္ခသည်ပေါင်း ၉၁၃ ဦးမှာ ရောဂါပိုး (Positive) တွေ့ရှိခဲ့ပြီး ယနေ့ မေ ၂၅ ရက်တွင် ၁၀၀၀ ကျော်သွားပြီဟု သိရသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...