မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ဆရာ/မ ၂၀၀ ကျော် ရာထူးမှထုတ်ပယ်ခံရ

မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ဆရာ/မ ၂၀၀ ကျော် ရာထူးမှထုတ်ပယ်ခံရ

မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့က ဆရာ၊ ဆရာမ ၂၀၂ ဦးတို့ကို ရာထူးမှထုတ်ပတ်လိုက်ကြောင်း တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့၏ အမိန့်ကြေညာစာအရ သိရသည်။

မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မော်လမြိုင်) တို့တွင် အစည်းအဝေး သဘောတူဆုံးဖြတ်ချက်အရ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံလောက်သော အကြောင်းပြချက်မရှိဘဲ ရုံးတက်ရောက်မှု ပျက်ကွက်ခြင်းတို့ကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တို့မှ အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

အဆိုပါ ဆရာ၊ ဆရာမများကို မေလ ၂၁ ရက်နေ့မှစတင်ပြီး ရာထူးမှထုတ်ပယ်ကြောင်း၊ မော်လမြိုင်တက္ကသိုလ်မှ ၁၅၅ ဦး၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်) မှ ၄၇ ဦး ပါဝင်သည်။

သို့ရာတွင် ဝန်ထမ်းများအနေဖြင့် ပြစ်ဒဏ်နှင့်စပ်လျဥ်း၍ ကျေနပ်မှုမရှိပါက အမိန်ကြေညာစာလက်ခံသည့်နေမှစ ၆ လအတွင်း နိုင်ငံဝန်ထမ်းများ နည်းဥပဒေ ၂၂၀ နှင့်အညီ အယူခံတင်သွင်းနိုင်ကြောင်း ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရာထူးပြန်လည်ရရှိရန်အတွက် ထုချေလွှာတင်ခြင်း၊ တောင်းပန်စာရေးခြင်းမျိုးတွေ ပြုလုပ်သွားမည်မဟုတ်ကြောင်း ရာထူးထုတ်ပယ်ခံရသည့် တက္ကသိုလ်ဆရာမတစ်ဦးက ဆိုသည်။

ရာထူးမှထုတ်ပယ်ခံရသည့် ဆရာ၊ ဆရာမများထဲတွင် ပါမောက္ခ (ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ စာကြည့်တိုက်မှူး စသည့် ရာထူးရှိသူများပါဝင်ကြောင်း သိရသည်။

တက္ကသိုလ်အသီးသီးရှိ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းဦးရေ ၁၃၀၀၀ ခန် တာဝန်မှ ယာယီရပ်ဆိုင်းခံရပြီး တချို့တက္ကသိုလ်များလည်း ကြေညာရန် ကျန်နေသဖြင့် အရေအတွက် ထပ်မံတိုးမြှင့်လာနိုင်ကြောင်း မေလ ၈ ရက်နေ့က တက္ကသိုလ် ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ (RC of UTAs) ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...