မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား ၈ ဦးနှင့် အဆက်သွယ်မရ

မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား ၈ ဦးနှင့် အဆက်သွယ်မရ

မော်လမြိုင်မြို့တွင် စုပေါင်းနေထိုင်ကြသည့် တက္ကသိုလ်ကျောင်းသား ၈ ဦးလုံးကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရဖြစ်နေကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးထံက သိရသည်။



အဆိုပါ ကျောင်းသား၊ ကျောင်းသူ ၈ ဦးတို့မှာ မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်မှာ မေလ ၁၇ ရက်နေ့ညက စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်က ၎င်းတို့နေထိုင်သည့်အိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



လက်ရှိအချိန်တွင် ဖမ်းဆီးခံရသည့် ကျောင်းသား၊ ကျောင်းသူ ၈ ဦးတို့ကို မည့်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဆိုတာကို မသိရှိရဘူးလို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုသည်။



ထိုဖမ်းဆီးခံရသည့် ကျောင်းသား‌၊ ကျောင်းသူတို့မှာ မော်လမြိုင်တက္ကသိုလ်မှ (၂) ဦး၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) မှ (၅) ဦး၊ မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသား (၁) ဦးပါဝင်ကြောင်း ၎င်းထံက သိရသည်။



ဝင်ရောက်ဖမ်းဆီးချိန်တွင် ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်း၊ ကွန်ပျူတာ၊ ဆိုင်ကယ်၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့် လက်ဝတ်လက်စားအချို့ကိုပါ သိမ်းယူသွား‌ကြောင်း ဒေသတွင်းသတင်းထုတ်ပြန်ဖော်ပြထားမှုအရ သိရသည်။



ထိုအထဲတွင် မော်လမြိုင်တက္ကသိုလ် ပထဝီဝင်ဌာနမှ ကျောင်းသူ ၂ ဦးအပါအဝင် အဆိုပါဖမ်းဆီးခံရသည့် ကျောင်းသား ၈ ဦးတို့ကို ပြန်လွှတ်ပေးရန် မေလ ၁၈ ရက်နေ့က တောင်းဆိုထားသည်။



ထို့အပြင် မွန်ပြည်နယ် အာဏာရှင်ဆန့်ကျင်သည့်လှုပ်ရှာမှုများတွင် ဖမ်းဆီခံရသူ ၃၀၀ ကျော်နှင့် ကျဆုံးသူ (၈) ဦးအထိရှိပြီး အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးငယ်များလည်းပါဝင်သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...