အများပြည်သူသုံး Kpay နှင့် wave money များ အဆမတန် ငွေချေနှုန်းများ မြင့်တက်မှုကြောင့် ပြည်သူများအခက်ကြုံ

အများပြည်သူသုံး Kpay နှင့် wave money များ အဆမတန် ငွေချေနှုန်းများ မြင့်တက်မှုကြောင့် ပြည်သူများအခက်ကြုံ

အလွယ်တကူ ငွေကြေးလွှဲပြောင်းထုတ်ယူနိုင်သည့် ဝန်ဆောင်မှုဖြစ်သော အများပြည်သူသုံး Kpay နှင့် wave money များမှတဆင့် ယခုရက်ပိုင်းအတွင်း ငွေသွင်း/ငွေထုတ်ခြင်းများ ပြုလုပ်ရာတွင် ကိုယ်စားလှယ်များမှ အဆမတန် ဈေးတင်ပြီး တောင်းခံနေသည့်အတွက်ကြောင့် ငွေထုတ်/ငွေလွှဲလိုသူများအတွက် အခက်အခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံတော်ကိုအာဏာကို စစ်ကောင်စီက မသိမ်းယူခင်က အဆိုပါ ငွေကြေးဝန်ဆောင်မှုပြုလုပ်နေကြသော ကိုယ်စားလှယ်များသည် ငွေလွှဲ/ငွေထုတ်ပြုလုပ်သူများထံ ၎င်းတို့၏ သတ်မှတ်ချက်နှုန်းထားအတိုင်း လုပ်ဆောင်ခဲ့ကြသော်လည်း ပုဂ္ဂလိဘဏ်များ ဖွင့်လှစ်ခြင်းမရှိသည့်နောက်ပိုင်း မြန်မာကျပ်ငွေများ ထုတ်ယူမှု အခက်အခဲဖြစ်လာခြင်းကို အခွင့်ကောင်းယူကာ အဆမတန်ဈေးတင်ခြင်း လုပ်ဆောင်လာကြခြင်းဖြစ်သည်။

"ကျနော်တို့ kpay ဆိုတာ အကောင့်အချင်းချင်းလွှဲရင် လွှဲခမရှိဘူး၊ ငွေသားရှိတဲ့သူက ငွေသားယူတယ်၊ e-money လိုတဲ့သူ သူ့အကောင့်ထဲထည့်ပေးယုံပဲ၊ နောက် Wave money ဆိုလည်း အကောင့်ဖွင့်ထားရင် ကိုယ်စားလှယ်ကနေတဆင့် မည်သူမဆို လာလွှဲရင် ကျနော် wave အကောင့်ဖွင့်ထားတဲ့အတွက် လွှဲခမလိုပါဘူး၊ နောက် အကောင့်အချင်းချင်းလွှဲရင်လည်း လွှဲခမလိုဘူး၊ ကိုယ်စားလှယ်ကနေ အကောင့်မရှိတဲ့သူကိုလွှဲမှပဲ လွှဲခရှိတယ်၊ အဲဒါလည်း wave money ကနေ သတ်မှတ်ချက်ရှိတယ်၊ ဘာအခက်အခဲမှမရှိဘူး၊ လွယ်တယ်၊ အခုတော့ kpay၊ wave money ကိုယ်စားလှယ်လုပ်တဲ့သူတွေဆီကနေ သွားလွှဲရင် ၁ သိန်းမှာ ၁ သောင်းယူတော့ ဘယ်လိုမှအဆင်မပြေတော့ဘူး၊ ၁ဝ ရာခိုင်းနှုန်းဆိုတော့ ဒါက အများပြည်သူ ခက်ခဲနေတဲ့အချိန် အမြတ်ထုတ်တဲ့ လောဘတခုပါ၊ အခု wave Money ဆိုရင် ပိုဆိုးလာတာက ထုတ်တာလည်း ထုတ်ခတောင်းတယ်၊ လွှဲရင်လည်း လွှဲခ အဲလိုဖြစ်နေတာ" ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

အမှန်တကယ်တွင် Kpay ဖြင့် ငွေလွှဲမည်ဆိုပါက Kpay သတ်မှတ်ချက်အရ ၁ သိန်းတွင် ၁၄၀၀ ကျပ်သာပေးရပြီး wave money ဖြင့် ငွေလွှဲရာတွင်လည်း wave အကောင့်မဖွင့်ထားသူများအတွက် ၁ သိန်းလျှင် ၁၅၀၀ ကျပ်သာ ကုန်ကျသည်။

ယခုအခါ wave money ဖြင့် ငွေထုတ်မည်ဆိုပါက တစ်သိန်းလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ကိုယ်စားလှယ်များကို ပေးဆောင်ရသည်။

လက်ရှိအချိန် ATM စက်များတွင်လည်း အကန့်အသတ်ဖြင့်သာထုတ်ယူနိုင်ပြီး ပုဂ္ဂလိကဘဏ်များဖြစ်သည့် KBZ bank တွင် လူတစ်ဦးမှ တစ်ရက်လျှင် ၂ သိန်းကျပ် ထုတ်ယူနိုင်ပြီး Kpay မှာလည်း ၂ သိန်းကျပ် စုစုပေါင်း ၄ သိန်းကျပ် ထုတ်ယူနိုင်ပြီး CB bank တွင် ATM ကဒ်တစ်ခုဖြင့် တစ်နေ့ ၃ သိန်းကျပ်ဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...