အာဏာသိမ်းမှုနောက်ပိုင်း ဂျပန် Aeon ကုမ္ပဏီက ရန်ကုန်တွင် ရှော့ပင်းမောတည်ဆောက်မှုကို ရွှေ့ဆိုင်း

အာဏာသိမ်းမှုနောက်ပိုင်း ဂျပန် Aeon ကုမ္ပဏီက ရန်ကုန်တွင် ရှော့ပင်းမောတည်ဆောက်မှုကို ရွှေ့ဆိုင်း

ဂျပန်လက်လီလုပ်ငန်းကုမ္ပဏီကြီး Aeon Co., ၏ လက်အောက်ရှိ ‌ရှော့ပင်းမောတည်ဆောက်ရေးလုပ်ငန်းကုမ္ပဏီ Aeon Mall Co., သည် ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ရှော့ပင်းမောတစ်ခုတည်ဆောက်ရန် စီစဉ်နေမှုကို နောက်ဆုတ်ရွှေ့ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း ထိုပရောဂျက်နှင့်ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Aeon သည် ထိုရှော့ပင်းမော ဆောက်လုပ်ရေးလုပ်ငန်းများကို ယခုနွေရာသီတွင် စတင်ရန် ရည်မှန်းထားခဲ့ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီလ အာဏာသိမ်းမှုနောက်ပိုင်း ထိုပရောဂျက်နှင့်ပတ်သက်ပြီး မသေချာမရေရာမှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ထိုဆောက်လုပ်ရေးလုပ်ငန်းနှင့်ပတ်သက်သည့် လျာထားချက်အသစ်များကို ထုတ်ဖော်ခြင်းမရှိပေ။

Aeon Mall သည် မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် ရှော့ပင်းမောတစ်ခုဖွင့်လှစ်မည့် အစီအစဥ်နှင့်အတူ ပြည်တွင်းလုပ်ငန်းတစ်ခုနှင့် ဖက်စပ်လုပ်ငန်းတစ်ရပ် ထူထောင်ထားခဲ့သည်။

ဂျပန်ကုမ္ပဏီအနေဖြင့် ပရောဂျက်ကနေ နုတ်ထွက်ရန် စဉ်းစားနေခြင်းမရှိသော်လည်း ယင်းအနေဖြင့် နိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့် စားသုံးသူများ၏ အလားအလာနှင့် ကိုက်ညီစေရန် ယင်း၏အစီအစဉ်များကို တစ်စိတ်တစ်ဒေသ ပြင်ဆင်မှုများလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ကန်ဒေါ်လာ သန်း ၁၈၀ ပရောဂျက်နှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုကို ယမန်နှစ်က မြန်မာအစိုးရက အတည်ပြုပေးထားခဲ့သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...