တည်ငြိမ်နေသည့်အချိန်တွင် လူထုကို အထိတ်တလန့်ဖြစ်အောင်မလုပ်သင့်ဟု AA ပြော

တည်ငြိမ်နေသည့်အချိန်တွင် လူထုကို အထိတ်တလန့်ဖြစ်အောင်မလုပ်သင့်ဟု AA ပြော
ရခိုင်တွင်လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများအား တွေ့ရစဉ်
ရခိုင်တွင်လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများအား တွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် တပ်မတော်မှ လက်နက်များ စမ်းသပ်ပစ်ခတ်မည့်သတင်းများ ထွက်ပေါ်လာပြီးနောက် ဒေသတွင်း စိုးရိမ်မှုများရှိနေကြသည်။

မေလ ၁၂ ရက်နေ့က မြောက်ဦးမြို့နယ်မှ ကျေးရွာတချို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ မေလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် လက်နက်များ စမ်းသပ်ပစ်ခတ်မည်ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း မေလ ၁၈ ရက်နေ့က ပြန်လည်ရုပ်သိမ်းခဲ့သည်။

ယင်းအပြင် စစ်တွေမြို့နယ်မှ ကျေးရွာတချို့ကိုလည်း လက်နက်များ စမ်းသပ်ပစ်ခတ်မည်ဟု မြို့နယ်မှ နှုတ်ဖြင့် အကြောင်းကြားခဲ့ကြောင်း အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ထွေအုပ်ရုံးက စာဝင်လာတယ်လို့ပြောတယ်။ လက်နက်ကြီးပစ်ခတ်ဖို့ ရွာတွေကို အသိပေးရုံပါပဲ။ မြို့နယ်ရုံးကို စာဝင်လာတယ်။ ဒါကြောင့် အုပ်ချုပ်ရေးမှူး ဒီလိုစာဝင်လာတယ်။ ကျေးရွာတွေကိုနိုးဆော်လိုက် ရွာသားတွေမကြောက်နဲ့ စမ်းတာဖြစ်တယ်ဆိုပြီးတော့ပေါ့” ဟု ၎င်းကပြောသည်။

ထိုသို့ သတင်းများထွက်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး တည်ငြိမ်နေသည့်အခြေအနေတစ်ခုတွင် ပြည်သူများ အထိတ်တလန့်ဖြစ်စေမည့်ကိစ္စမျိုးကို မလုပ်ဆောင်သင့်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောသည်။

“အခုဆိုလို့ရှိရင် ရခိုင်ဒေသမှာ တော်တော်လေး တည်ငြိမ်မှုရနေတယ်။ တည်ငြိမ်မှုတွေရနေတာကို ပြည်သူတွေကြားထဲမှာ ပြန်ပြီးတော့ အထိတ်တလန့်ဖြစ်အောင်တော့ မလုပ်သင့်လို့ ကျနော်တို့က အဲဒီလိုမြင်တယ်” ဟု ၎င်းကပြောသည်။

တပ်မတော်မှ ပစ်ခတ်မှုပြုလုပ်မည်ဆိုသည်မှာ လက်နက်ကြီးများမဟုတ်သလို လူထုကိုအန္တရာယ်မဖြစ်စေရန် စက်ပစ်ကွင်းရှိသည့်နေ့ရာ၌သာ ပစ်ခတ်မည်ဖြစ်သည့်အတွက် အသိပေးခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက မေလ ၁၈ ရက်နေ့က မီဒီယာများကို ပြောဆိုသည်။

“တပ်မတော်ပိုင်းကလည်း စစ်ရေးလေ့ကျင့်မှုတွေလုပ်တဲ့အခါမှာ ဘယ်နေရာမှာ ဘယ်ဧရိယာမှာ လုပ်နေတယ်။ လူတွေ၊ စက်လှေတွေ၊ ငါးဖမ်းသမားတွေ အဲဒီဧရိယာကို မလာရလို့ ကြေငြာပေးရတယ်။ အခုလည်း အဲဒီလိုပါပဲ။ စက်ပစ်ကွင်းမှာပစ်မယ်။ ခါတိုင်းကတော့ သေနတ်သံလည်း မကြားရဘူး။ ပစ်သံလည်းမကြားရဘူး။ လူတွေက ပေါ့ပေါ့လျော့လျော့သွားနေရင် သူတို့ပစ်တဲ့ခတ်တဲ့အခါ အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် စက်ပစ်ကွင်းရှိတဲ့နေရာမှာ ပစ်ပါမယ်လို့ ပြောတာဖြစ်တဲ့အကြောင်း နားလည်အောင်ပြောပေးပါလို့ ပြောပါတယ်။ ဆိုတော့ စက်ပစ်ကွင်းမရှိတဲ့နေရာမှာ မဖြစ်ဘူး။ စက်ပစ်ကွင်းရှိတဲ့နေရာမှာ အရင်ကရှိခဲ့တဲ့ ဂျီသရီး၊ ဂျီဖိုးဒီလက်နက်တွေကို ပြန်ပြီးတော့ ပစ်ခတ်စမ်းသပ်မှာဖြစ်ပါတယ်။ အမြှောက်မပါဘူး။ ဒုံးမပါဘူး” ဟု ဉီးလှသိန်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) ကြား နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲရပ်တန့်နေသည်မှာ လက်ရှိတွင် (၆) လခန့် ကြမြင့်လာပြီဖြစ်သည်။

တိုက်ပွဲများရပ်တန့်နေသည့်အတွက် စစ်ဘေးရှောင်တစ်သိန်းကျော်မှာ နေရပ်ပြန်သွားကြပြီး ကျန်စစ်ဘေးရှောင်တစ်သိန်းခန့်မှာ လက်ရှိအချိန်ထိ နေရပ်ပြန်မပြန်နိုင်သေးဘဲ စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်နေကြရသည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...